အိုင်အက်စ် ထိန်းချုပ်နယ်မြေ ၄ ပုံ ၁ ပုံ ဆုံးရှုံးသွားပြီဟု အိုင်အိတ်ခ်ျအက်စ် ဖော်ပြ

ဓာတ်ပုံ - တွစ်တာ
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခု သူတို့ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေရဲ့ ၄ ပုံ ၁ ပုံ ဆုံးရှုံးသွားပြီလို့ လုံခြုံရေးနဲ့ ကာကွယ်ရေး သုသေတနအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ အိုင်အိတ်ခ်ျအက်စ်က ဖော်ပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက အိုင်အက်စ် အကြမ်းဖက်တွေ စတင်ခေါင်းထောင်ခဲ့ချိန်ကနဲ့စာရင် အခု သူတို့ထိန်းချုပ်နယ်မြေတွေဟာ ၂၈ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီလို့ အိုင်အိတ်ခ်ျအက်စ် သုတေသနအဖွဲ့က ဆိုပါတယ်။ အခုနှစ် ၉ လပိုင်းအထိ အိုင်အက်စ် အကြမ်းဖက်တွေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေ ၇၈၀၀၀ စတုရန်းကီလိုမီတာလောက်ကနေ ၆၅၅၀၀ စတုရန်းကီလိုမီတာအထိ ကျဆင်းလာခဲ့ပြီး အဲ့ဒါဟာ သီရိလင်္ကာနိုင်ငံ နယ်မြေအကျယ်အ၀န်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဇူလိုင်လကနေ အခုလ ၃ လတာ ကာလမှာတော့ သူတို့ရဲ့ နယ်မြေဆုံးရှုံးမှုက နည်းနည်းအရှိန်ကျလာတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒါဟာ အိုင်အက်စ် အကြမ်းဖက်တွေအပေါ် ရုရှားက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လျှော့ချခဲ့လို့ ဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်း ရုရှားနိုင်ငံက အိုင်အက်စ် အကြမ်းဖက်တွေအပေါ် ၂၆ ရာခိုင်နှုန်းအထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အခုတော့ ၁၇ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up