ကတ်ရှ်မီးယားပြည်နယ်ရှိ ရဲစခန်းအား သံသယဖြစ်ဖွယ် စစ်သွေးကြွများ တိုက်ခိုက်

958
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ် ရှိုပီယံခရိုင်က ရဲစခန်းကို သံသယဖြစ်ဖွယ် စစ်သွေးကြွတွေ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခဲ့အပြီး ရဲတယောက် သေဆုံးပါတယ်။
လူ ၂ ဦးလည်း ဒဏ်ရာရပါတယ်။ ဒေသခံ ရုပ်သံတွေကတော့ ရဲအရာရှိတယောက် သေဆုံးပြီး တခြားတယောက် ဒဏ်ရာရတယ်။
အရပ်သား တယောက်လည်း ဒဏ်ရာရတယ်လို့ အစီရင်ခံပါတယ်။
ဒဏ်ရာရသူတွေကို စစ်ဆေးရုံကို တင်ပို့ကုသထားပါတယ်။ သံသယဖြစ်ဖွယ် စစ်သွေးကြွတွေကို စီးနင်း ရှာဖွေနေပြီလို့ မီဒီယာတွေက အစီရင်ခံပါတယ်။