ချဲလ်ဆီး အလိုရှိနေတဲ့ ဂျူဗင်တပ်ရဲ့ ဗဟိုခံစစ်မှူး ဘိုနုချီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နှင့်အတူ စပိန်ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်ကိုပါ အလိုက်ပေးဖို့ ဂျူဗင်တပ်အသင်းက တောင်းဆိုလိုက်ပါတယ်။
အီတလီလက်ရွေးစင် ဘိုနုချီကို ပြီးခဲ့တဲ့နှစ်က မန်းစီးတီးက ကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်ဘက်က ငြင်းဆိုခဲ့ဖူးပါတယ်။
သူ့ကိုမန်ယူက လည်း စိတ်ဝင်စားခဲ့သေးပါတယ်။
ချဲလ်ဆီး အသင်းဘက်က အခုကမ်းလှမ်းချက်ကို ကစားသမားအပြင် အသင်းကပါ စိတ်ဝင်စားနေသလို တောင်းဆိုတဲ့အတိုင်း ဖြစ်လာဖို့ လည်းရှိနေပါတယ်။
စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ လက်ရှိမှာ ချဲလ်ဆီးနည်းပြ ကွန်တီရဲ့ အဓိက ကစားသမားနေရာမှာ မရှိပါဘူး။
အသက် ၂၉ နှစ်အရွယ် ဘိုနုချီဟာ ဂျူဗင်တပ်အသင်းအတွက် ၂၀၁၀ ကတည်းက အခုချိန်အထိ ပွဲပေါင်း ၂၀၀ ကျော် ကစားထားသူဖြစ်ပါတယ်။