အဝတ်မပါသည့် ပြင်သစ်အမျိုးသားအလောင်း ဖူးခက်အပန်းဖြေဟိုတယ်တွင် တွေ့

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်အတွင်းရှိ အပန်းဖြေဟိုတယ်တခုမှာ အဝတ်မပါတဲ့ အသက် ၂၈ နှစ်အရွယ် ပြင်သစ်အမျိုးသား ရီနီရာဆိုင်လ်ဗိန်းဘာနာဒ် အလောင်းကို အောက်တိုဘာလ ၈ ရက်နေ့က တွေ့ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ မနေ့က မနက် ၉ နာရီ ၃၀ မိနစ်လောက်မှာ တမ်ဘုံးပတန် ကသူခရိုင်က နက်စ်တ်လို့ခေါ်တဲ့ အပန်းဖြေဟိုတယ်မှာ ဒီလူသေနေတာလို့ ရဲတွေကပြောပါတယ်။ ရဲတွေနဲ့ကယ်ဆယ်ရေးတွေ အဲ့ဒီနေရာကို ရောက်တဲ့အချိန်မှာ အပန်းဖြေစခန်းက သူရဲ့အခန်းထဲမှာ ရီနီရာရဲ့အလောင်းကို တွေ့ခဲ့တာလို့ ဆိုပါတယ် အလောင်းက ကြမ်းပြင်ပေါ် ဒူးထောက် နံရံဖက်ကို မျက်နှာမူပြီး နံရံနဲ့မျက်နှာကပ်လျက်သား သေဆုံးနေတာပါ။ သေသူရဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကလည်း အခန်းထဲမှာ ပြန့်ကျဲနေပါတယ်။ ရဲတွေရဲ့ ကနဦးစုံစမ်းချက်အရဆိုရင် ဒီပြင်သစ်လူမျိုးဟာ ရဲတွေရောက်တဲ့အချိန်မှာ သေဆုံးနေတာ အနည်းဆုံး ၆ နာရီလောက် ရှိပြီးနေပြီလို့ ဆိုပါတယ်။ ရုပ်ပိုင်း စိတ်ပိုင်း တိုက်ခိုက်ခံရတဲ့ လက္ခဏာတွေလည်း မတွေ့ရဘူးလို့ သိရပါတယ်။ အပမ်းဖြေဟော်တယ်ရဲ့ဝန်ထမ်းတွေ ပြောကြားချက်အရကတော့ ရီနီရာဟာ ဟော်တယ်ကို တစ်ယောက်တည်းလာ တည်းခိုခဲ့တာဖြစ်တယ် ပြီးခဲ့တဲ့ အပတ်ကတော့ အစာအဆိပ်သင့်လို့ ဒေသတွင်းဆေးရုံမှာ သွားပြခဲ့သေးတယ်လို့ သိရပါတယ်။ ရဲတွေကတော့ ရီနီရာဟာ ကျန်းမာရေးပြဿနာတွေတော်တော်များများ ရှိနိုင်ပြီး နာတာရှည် ရောဂါလည်း ခံစားနေပုံရတယ်လို့ ယူဆနေကြပါတယ်။ ဒီအလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ပတန်ဆေးရုံကို ခေါ်သွားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up