ဂျာမဏီနိုင်ငံ ဘာလင်မြို့က မီးထွန်းပန်းချီပွဲတော် (ဓာတ်ပုံ)

ဂျာမဏီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘာလင်မြို့မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မီးထွန်းပန်းချီ ပွဲတော်ကို ကျင်းပနေပြီး ဒီပွဲတော်ရဲ့ဖွင့်ပွဲကို အောက်တိုဘာလ ၇ ရက် သောကြာနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အောက်တိုဘာလ ၁၆ ရက် နောက်တပတ် စနေ့နေ့အထိ ၁၀ ရက် ကျင်းပမယ်လို့လည်း သိရပါတယ်။ ဘာလင်မြို့ရဲ့ အထင်ကရအဆောက်အဦတွေဖြစ်တဲ့ Humboldt University of Berlin၊ ဒီတက္ကသိုလ်ထဲက ဥပဒေဌာန၊ ဘာလင်ဘုရားကျောင်းကြီး စတဲ့ အဆောက်အဦတွေမှာ မီးထွန်းပန်းချီတွေ ဖန်တီးထားတာဖြစ်ပြီး လာရောက်ကြည့်ရှုနေတဲ့ သူတွေနဲ့ ဒီအဆောက်အဦတွေရဲ့ရှေ့မှာ စည်ကားနေတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up