အလုပ်အလွန်အကျွံလုပ်ရာမှ ဂျပန်အလုပ်သမား ၅ ဦးမှာတဦး ပုံမှန်သေဆုံး

တိုင်းပြည်ရဲ့အပြင်းအထန် အင်အားကုန်သုံးပြီး အလုပ်လုပ်တဲ့ယဉ်ကျေးမှုကြောင့် အလုပ်အလွန်အကျွံလုပ်ရာကနေ အလုပ်သမား ၅ ဦးမှာ ၁ ဦးသေဆုံးရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန်အစိုးရရဲ့ သုတေသနလုပ်ငန်းသစ်အရ သိရှိရပါတယ်။ အလုပ်အပြင်းအထန်လုပ်ရာကနေ အလုပ်သမား၊ ဝန်ထမ်းတွေဟာ ဆိုးဆိုးရွားရွားဖြစ်တဲ့ ကျန်းမာရေးပြဿနာ၊ တရားရင်ဆိုင်ရတာတွေနဲ့အတူ လေဖြတ်၊ နှလုံးရောဂါ၊ ကိုယ့်ကိုယ်ကို သတ်သေတာတွေကြောင့် ဝန်ထမ်းရာဂဏန်းဟာ နှစ်စဉ်သေဆုံး နေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီသုတေသနစာတမ်းဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ရုံးကနေ သောကြာနေ့တုန်းက ခွင့်ပြုထားတဲ့ အလုပ်အလွန်အကျွံလုပ်ရာမှ သေဆုံးမှုနဲ့စပ်လျဉ်းပြီး ပထဦးဆုံးပြုလုပ်ထားတဲ့ နိုင်ငံရဲ့ စာတမ်းလည်းဖြစ်ပါတယ်။ စာတမ်းအရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ကုမ္ပဏီ ၂၂ ဒသမ ၇ ရာခိုင်နှုန်းကို မေးမြန်းကြည့်ရာမှာသူတိုရဲ့ဝန်ထမ်းတွေဟာ လစဉ် နာရီ ၈၀ ထက်ပိုတဲ့ အချိန်ပိုအလုပ်ကို လုပ်ကိုင်တယ်လို့ ဆိုပါတယ်။ နောက် စာတမ်းရဲ့တွေ့ရှိချက်အရ ခန့်မှန်းခြေ ၂၁ ဒသမ ၃ ရာခိုင်နှုန်းသော ဂျပန်အလုပ်သမားတွေဟာ ပုံမှန်အားဖြင့် တပတ်ကို ၄၉ နာရီ ဒါမှမဟုတ် အဲဒီအချိန်ထက်ပိုပြီး အလုပ်လုပ်ကြတယ်လို့လည်း တွေ့ရပါတယ်။ သုတေသနစာတမ်းက ဂျပန်အလုပ်သမားတွေဟာ သူတို့ရဲ့အလုပ်ကြောင့် စိတ်ဖိစီးမှု အမြင့်ဆုံးခံစားနေရတယ်လို့ ထုတ်ပြန်ထားပြီး၊ အာဏာပိုင်တွေအနေနဲ့ ကုမ္ပဏီတွေကို အလုပ်ခွင်အခြေအနေတွေ ကောင်းမွန်လာအောင် တိုက်တွန်းရမယ်လို့ဆိုပြီး ဒီစာတမ်းကို အဆုံးသတ်ထားပါတယ်။

More News
Up