Homeမြန်မာသတင်း
မိမိကိုယ်တိုင် မြေငလျင်နဲ့ပတ်သက်ပြီး သိရှိမှုလိုက်နာနိုင်မှုနည်ပါးနေသေးဟု လူကယ်ပြန် ဝန်ကြီးပြော
မိမိကိုယ်တိုင် မြေငလျင်နဲ့ပတ်သက်ပြီး သိရှိမှုလိုက်နာနိုင်မှုနည်ပါးနေသေးဟု လူကယ်ပြန် ဝန်ကြီးပြော
DVB
·
October 8, 2016
မြေငလျင်အန္တရာယ်နဲ့ ပတ်သတ်ပြီး အများပြည်သူမပြောနဲ့ မိမိကိုယ်တိုင်ပင် သိရှိလိုက်နာနိုင်မှု အားနည်းနေသေးတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါတ်တာဝင်းမြတ်အေးက ပြောပါတယ်။
စက်တင်ဘာ ၈ ရက် ရန်ကုန်မြို့ MCC ခမ်းမမှာ ပြုလုပ်တဲ့ မြေငလျင်ဆိုင်ရာဖိုရမ်မှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။
“အများပြည်သူမပြောနဲ့ မြေငလျင်နဲ့ပတ်သတ်ပြီး ကျနော်ကိုယ်တိုင်တောင် သိရှိ လိုက်နာနိုင်မှု မရှိသေးဘူး။ ပြီးခဲ့တဲ့ငလျင်ဆို အလုပ်ခန်းထဲမှာပဲ။ လုံခြုံတဲ့ နေရာကို အရောက်သွားဖို့မပြောနဲ့ တိုက်အပြင်ဘတ်တောင် ထွက်မပြေးဖြစ်ဘူး။ ပြည်သူတွေဆို ပိုဆိုးမှာပေါ့။ မြေငလျင်နဲ့ပတ်သတ်တဲ့ အသိပညာပေး လုပ်ငန်းတွေ များများလုပ်ပေးဖို့ လိုအပ်တယ်” လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေထဲက မြေငလျင်အန္တရယ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ်တခုဖြစ် တယ်လို့ မြေငလျင်နဲ့ပတ်သတ်တဲ့ အဖွဲ့တွေကပြောပါ တယ်။
သတင်း/ဓာတ်ပုံ-အောင်ဆန်းဦး