Home
မြန်မာသတင်း
အမေရိကန် ဆန်ရှင် ရုပ်သိမ်း
DVB
·
October 8, 2016
စစ်အစိုးရခေတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခေတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အမေရိကန်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ အက်ဥပဒေကို သမ္မတ အိုဘားမားက အောက်တိုဘာ ၇ ရက်နေ့မှာ လက်မှတ်ရေးထိုး ရုတ်သိမ်းလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ရောက်ရှိလာနေပြီဖြစ်တဲ့ ကူညီပံ့ပိုးရမှာ လိုအပ်လာပြီဖြစ်ကြောင်းကိုလဲ အမေရိကန်လွှတ်တော်ကို ပေးပို့တဲ့ သမ္မတ အိုဘားမားရဲ့ စာချွန်လွှာမှာ ထည့်သွင်းရေးသား ထားပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း စက်တင်ဘာ ၁၅ ရက်နေ့က ၀ါရှင်တန်ဒီစီ အိမ်ဖြူတော်မှာ သမ္မတ အိုအားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့မှာ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မကြာခင်မှာ ရုတ်သိမ်းတော့မယ့်အကြောင်း သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်ဟာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို လက်သင့်ခံနိုင်ဖို့ အဆင်သင့်ဖြစ်လာနေပြီဖြစ်တဲ့အတွက် အမေရိကန် စီးပွားရေးတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ လာရောက်လေ့လာပြီး တာဝန်ယူမှုရှိတဲ့ ရင်နှီးမြုပ်နှံမှုတွေ ပြုလုပ်ကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို ရုတ်သိမ်းလိုက်မှုကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုင်ရာ ထိန်းချုပ်မှုတွေဟာလည်း သက်ရောက်မှု မရှိတော့ကြောင့် သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024