Home
မြန်မာသတင်း
သက်ရှိဇွမ်ဘီတကောင်နှင့်တွေ့ဆုံခြင်း (သို့) ချောက်ခြားစဖွယ်မော်ဒယ်တဦးဖြစ်လာသူ (ရုပ်သံ)
DVB
·
October 7, 2016
ရစ်ခ်ဂီးနက်စ်ထ်ရဲ့ ပထမဆုံးတက်တူးဟာ လက်မောင်းပေါ်မှ အရိုးခေါင်းခွံနဲ့ ကြက်ခြေခတ်ပုံ အရိုးစုပုံဖြစ်ပြီး ခုချိန်မှာတော့ ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်လုနီးပါးဖြစ်နေခဲ့ပါ ပြီ။ ဒီတက်တူးတွေနဲ့ အရိုးစုပုံသဏ္ဍာန်လမ်းလျှောက်ဟန်တွေကြောင့် သူ့ကို ဇွမ်ဘီ လူသားလို့ လူသိများပြီး ခရီးသွားရင် ခက်ခဲမှုတွေကြုံရတယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ သူဟာ နာမည်ကျော် Vogue မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပြီး အဆိုတော် လေဒီဂါဂါရဲ့ Born This Way ဂီတဗွီဒီယိုသီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်ဖြတ်သန်းနေထိုင်မှုမှာ လူတွေရဲ့တုံ့ပြန်မှုက အကျိုးသက်ရောက် စေတယ်လို့ ရစ်ခ်ဂီးနက်စ်ထ်က ပြောပါတယ်။ “ဒါကတော့ အခြေအနေပေါ်မှာ မူတည်နေပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်း တွေက ယေဘုယျအားဖြင့်တော့ ဘာမှပြောလေ့မရှိပါဘူး။ အလင်းရောင်ထဲမှာ ကျနော့်ကို တခါတရံ မြင်လိုက်ရရင် အငှားယာဉ်တွေဟာ ရပ်ကြည့်နေကြတော့တာပဲ။ များသောအားဖြင့်တော့ (အများသုံး)ပို့ဆောင်ဆက်သွယ်ရေးတွေနဲ့ သုံးလေ့သိပ်မရှိပါဘူး။ ဘာလို့ လဲဆိုတော့ လူတိုင်း ကျနော့်ကိုတွေ့လိုက်တာနဲ့ မျက်လုံးထွက်ကျတော့မတတ် ၀ိုင်း ကြည့်ကြတော့တာပဲ” ၂၀၁၁ ခုနှစ်မှာ သူဟာ စတင်ကျော်ကြားလာခဲ့ပြီး အဆိုတော် လေဒီဂါဂါရဲ့ ဒီဇိုင် နာက သူ့ကို မော်ဒယ်တဦးအဖြစ် အသက်သွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ရစ်ခ်ဂီးနက်စ်ထ်ဟာ လေဒီဂါဂါနဲ့ အဆက်အသွယ်မပျက်ပဲ ရှိနေ ခဲ့ပြီး သူ့ကို နှစ်သက်တယ်လို့ ပြောပါတယ်။ “သူဟာ တကယ့်ကို ပညာရှင်ဆန်ပြီး ပျော်ရွှင်တတ်သူပါ။ ကျနော့်ကို တွေ့ချိန် တိုင်းမှာ ရင်းနှီးနွေးထွေးမှုပေးနိုင်သူပါပဲ”လို့ ရစ်ခ်ဂီးနက်စ်ထ်က ပြောပါတယ်။ “လူတိုင်းက ကျနော့်ရဲ့ ပထမဆုံးတက်တူးနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ စထိုးခဲ့ သလဲလို့ မေးခဲ့ပေမယ့် လေဒီဂါဂါကတော့ ဘယ်အသက်အရွယ်မှာ ရှင့်ရဲ့ ပထမဆုံး တက်တူးအကြောင်းကို စတွေးမိခဲ့သလဲလို့ မေးခဲ့တာပါ။ ကျနော့်အဖြေကတော့ ဒီမေး ခွန်းကို ကျနော့်အသက် ၅ နှစ်၊ ၆ နှစ်လောက်ကဆိုရင် သိပ်သဘောကျမိမှာပဲလို့ ဖြေခဲ့ ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024