Home
မြန်မာသတင်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ယနေ့ ရပ်နား
DVB
·
October 7, 2016
ဇူလိုင်လကုန်ပိုင်းက စတင်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး များကို ဒီနေ့ ရပ်နားလိုက်ပြီး ဒီကာလအတွင်း ဥပဒေ ၁၀ ခု အတည်ပြုနိုင်ခဲ့ပါတယ်။ အစည်းအဝေးနောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ဆက်စကားပြောရင်း ဥပဒေ ၁၀ ခု ပြုနိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။ “ဒီ အစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆိုများ အနေနဲ့ အရေးကြီးအဆိုများအပါအ၀င် အဆို စုစုပေါင်း ၁၆ခု တင်သွင်းဆောင်ရွက်နိုင်ခဲ့ပြီး အတည်ပြုအဆို ၄ ခု၊ မှတ်တမ်းတင်အဆို ၉ ခု၊ အတည်မပြုအဆို ၂ ခုနဲ့ ဆွေးနွေးရန်မသင့် အဆို ၁ ခု တို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၅ ခုအပါအ၀င် ဆောင်ရွက်ဆဲဥပဒေကြမ်း ၁၉ခု ရှိပြီး၊ အတည်ပြုဆောင်ရွက်နိုင်ခဲ့တဲ့ ဥပဒေကြမ်း ၁၀ ခု ဖြစ်ပါတယ်။ ဆက်လက် ဆွေးနွေးရန် ဥပဒေကြမ်း ၉ခု ကျန် ရှိပါတယ်။” လွှတ်တော်ရပ်နားထားချိန်အတွင်း ကိုယ်စားလှယ်များအနေနဲ့ ဆိုင်ရာ နယ်မြေဆင်းကြဖို့နဲ့ ဥပဒေပြုသူတွေဟာ ဥပဒေချိုးဖောက်သူတွေမဖြစ်ဖို့ ဥက္ကဋ္ဌက နှုတ်ဆက်စကားမှာ မှာကြားခဲ့ပါတယ်။ လွှတ်တော်အရပ်ရပ် စတင်ခဲ့တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ၁ရက်ကစလို့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၃၉ခု ရှိတယ်လို့ လွှတ်တော်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024