ကုလအတွင်းရေးမှူးချုပ်နေရာအတွက် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ် ရေပန်းစား

ဓာတ်ပုံ - အေအက်ဖ်ပီ
လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာကို ဆက်ခံဖို့ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ရှေ့ဆုံးက ပြေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြောပါတယ်။ အသက် ၆၇ နှစ်အရွယ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်ဟာ နောက်တက်မယ့် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ရုရှားသံအမတ် ဗီတယ်လီ ရှာခင်က အောက်တိုဘာ ၅ ရက်နေ့မှာ ပြောခဲ့တာပါ။ လာမယ့် ၅ နှစ်သက်တမ်းအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို အောက်တိုဘာ ၆ ရက်နေ့ လုံခြုံရေးကောင်စီမှာ မဲခွဲရွေးချယ်မှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ၁၀ နှစ်ကျော် ဦးဆောင်ခဲ့သူဖြစ်ပြီး တကယ်လို့ ရွေးချယ်ခံရရင် လာမယ့်နှစ်ဆန်းပိုင်းကစပြီး တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up