စင်ကာပူ ရေအောက်ကမ္ဘာက ရေငုပ်သမား ငါးရဲ့ဆူးဖြင့် ရင်ဝထိုးမိသေဆုံး (ရုပ်သံ)

စင်ကာပူ ရေအောက်ကမ္ဘာ(UWS)က အကြီးတန်း ရေငုပ်သမား တယောက်ဟာ ငါးလိပ်ကျောက် မျိုးစိတ်ဝင် ငါးလက်ထုံ ငါးရဲ့ ဆူးနဲ့ ရင်ဝကို ထိုးမိအပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က သေဆုံးသွားပါတယ်။ အသက် ၆၂ နှစ်အရွယ် ဖိလစ်ချန်းဟာ ရေသတ္တဝါတွေကို ပြတိုက်အသစ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေချိန်မှာ ရင်ဘတ်ကို ဆူးနဲ့ ထိုးမိလို့ ဒဏ်ရာရခဲ့တယ်လို့ ဟော်ပါ ကော်ပိုရေးရှင်းက အောက်တိုဘာ ၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ သူဟာ စင်ကာပူ အထွေထွေဆေးရုံကို ရောက်အပြီး နာရီပိုင်းအတွင်း ဒဏ်ရာကြောင့် သေဆုံးတယ်လို့ ကြေညာချက်က ဆိုပါတယ်။ စင်ကာပူ အရပ်ဘက်ကာကွယ်ရေးတပ်(အက်စ်စီဒီအက်ဖ်)က လူနာတင်ယာဉ်ကို အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က လွှတ်ပေးခဲ့တာပါ။ အဲဒီနောက် နှလုံးနဲ့ အဆုတ် ကုသဆောင်ကို မရောက်ခင် ဆေးဘက်ဝန်ထမ်းတွေက ပြုစုခဲ့တယ်လို့ အက်စ်စီဒီအက်ဖ်က ပြောပါတယ်။ ဖိလစ်ချန်းဟာ ရေအောက်ကမ္ဘာက ရေသတ္တဝါတွေကို စောင့်ရှောက်တဲ့ ဝန်ထမ်း ၁၀ ယောက်ထဲက တယောက်ပါ။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို ကူညီနေပြီး UWS က ရေသတ္တဝါ ရွှေ့ပြောင်းရေး အစီအစဉ်ကို ရပ်ဆိုင်းထားတယ်လို့ ဟောင်ပါ ကော်ပိုရေးရှင်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up