Home
မြန်မာသတင်း
ဂျိုက်ကာနှင့် ဧရာဝတီဘဏ် ပူးပေါင်းပြီး အသေးစားအလတ်စားလုပ်ငန်းများအတွက် ငွေချေးမည်
DVB
·
October 6, 2016
ဂျိုက်ကာနဲ့ ဧရာဝတီဘဏ်ပူးပေါင်းပြီး သေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ချေးသွားမယ်လို့ ဧရာဝတီဘဏ် တာဝန်ရှိသူတွေက ပြောပါတယ်။ အောက်တိုဘာ ၆ ရက် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Strategy First Institute အဆောက်အအုံမှာ ပြုလုပ်တဲ့ SME ချေးငွေအကြောင်း အသိပေးဟောပြောပွဲမှာ ပြောဆိုခဲ့တာပါ။ ချေးငွေရယူလိုတဲ့ စီပွားရေလုပ်ငန်းတွေအနေနဲ့ ၂ နှစ်သက်တမ်းရှိရမှာဖြစ်ပြီး ဧရာဝတီဘဏ်မှာ လျှောက်လွှာတင်ပြရမှာဖြစ်ပါတယ်။ “ရွေးမှာက ဂျိုက်ကာက ရွေးမှာပါ။ လုပ်ငန်းတခုကို သိန်းတထောင် ချေးငွေထုတ်ချေး ပေးမှာ ဖြစ်ပါတယ်။ နယ်က အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးဦးစားပေး ရွေးချယ်မှာပါ” လို့ ဧရာဝတီဘဏ်က တာဝန်ရှိသူက ပြောပါတယ်။ ချေးငွေသိန်းတထောင်ရရှိတဲ့ လုပ်းငန်းတွေအနေနဲ့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ငါးနှစ်တာအသုံးပြုခွင် ရရှိမှာဖြစ်ပါတယ်။ “နှစ်နှစ်သက်တမ်းရှိမှဆိုတာကတော့ သူတို့အတွက်ဆေ့ဖ်ဖြစ်အောင် သတ်မှတ်တာပါ။ တကယ်လုပ်နေတယ် အောင်မြင်နိုင်ခြေရှိတဲ့ လုပ်ငန်းဆို တနှစ်သက်တမ်းလောက်လည်း ချေးပေးသင့်တယ်။ အတိုးနှုန်းကလည်း ၈ ဒသမ ၅ ဆိုတော့ လုပ်ငန်းက အောင်မြင်နေရင် တော်သေးတယ် မအောင်မြင်ရင် အတိုးနှုန်းက များတော့ ပိုဆိုးတယ်။ ငါးရာခိုင်နှုန်းလောက်ဆို နှစ်ဖက်ပိုအဆင်ပြေတယ်” လို့ ပွဲတက်ရောက်လာသူတွေက ပြောပါတယ်။ ချေးငွေရရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ချေးငွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ပုံသေရင်းနှီးမြှုပ်နှံမှု အတွက် အသုံးပြုရမှာဖြစ်ပြီး နှစ်ဆယ်ရာခိုင်နှုန်းသာ လုပ်ငန်းခွင်လည်ပတ်ငွေအတွက် အသုံးပြုရမှာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024