ဆောက်ဂိတ်အတွက် အင်္ဂလန် အမြဲတမ်းနည်းပြဖြစ်လာရန် အခွင့်အရေးဟု ရွန်နီ ပြော

အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတာဟာ နည်းပြဆောက်ဂိတ်အတွက် အမြဲတမ်းနည်းပြဖြစ်လာဖို့ အခွင့်အရေး ဖြစ်တယ်လို့ ရွန်နီက ပြောဆိုလိုက်ပါတယ်။ ယူ ၂၁ အသင်းနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြရာထူးကနေ ဆမ်အလာဒိုက် ရုတ်တရက် လမ်းခွဲလိုက်တာကြောင့် ယာယီနည်းပြအဖြစ် အင်္ဂလန်အသင်းရဲ့ ပွဲစဉ် ၄ ပွဲကို တာဝန်ယူ ကိုင်တွယ်ရမှာပါ။ အဲဒီလေးပွဲမှာသာ အကောင်းဆုံးကစားပုံနဲ့ ရလဒ်ကောင်းရယူနိုင်မယ်ဆိုရင် အင်္ဂလန် အမြဲတမ်းနည်းပြဖြစ်ဖို့ အခွင့်အရေးတွေရှိတယ်လို့ အသင်းခေါင်းဆောင် ရွန်နီက ပြောဆိုလိုက်တာပါ။ ဆောက်ဂိတ်အနေနဲ့ ယူ ၂၁ အသင်းမှာ ကစားသမားအများအပြားနဲ့ လက်တွဲဖူးတာကြောင့် အင်္ဂလန်အသင်းကြီးမှာလည်း အခက်အခဲ မရှိနိုင်ဘဲ သူ့ရဲ့ကစားကွက်နဲ့ နည်းဗျူဟာတွေကိုလည်း အကောင်းဆုံး ကစားသွားမယ်လို့ ရွန်နီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up