အောက်တိုဘာလ ၆ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
October 6, 2016
အောက်တိုဘာလ ၆ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၆၀ ကျပ်၊ ၁ ယူရိုငွေကို ၁၄၁၁ ဒသမ ၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၂၀ ဒသမ ၅၈ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၄ ဒသမ ၄၆ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၆ ဒသမ ၁၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၈၆၆၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၆၇၀၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၆၄ ဒသမ ၉၀ ဒေါ်လာ ဈေးပေါက်ပါတယ်။