Home
မြန်မာသတင်း
ရခိုင်တောင်ပိုင်းစည်းရုံးရေးအားနည်းချက်နှင့် သဘောထားကွဲလွဲနေမှု အေအန်ပီ ပြင်ဆင်မည်
DVB
·
October 6, 2016
ရခိုင်တောင်ပိုင်းစည်းရုံးရေးအားနည်းချက်နဲ့ သဘောထားကွဲလွဲနေမှုအပေါ် အေအန်ပီ အနေနဲ့ ပြင်ဆင်မယ်သွားမယ်လို့ မြောက်ဦးမြို့ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပထမဦးဆုံး မြို့နယ်ပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက အေးအန်ပီရဲ့ ရခိုင်ပြည်တောင်ပိုင်း စည်းရုံးရေးအားနည်းချက်နဲ့ သဘောထားကွဲလွဲနေမှုအပေါ် စာတမ်းတွေတင်သွင်းခဲ့ကြပြီး၊ အဲဒီတင်သွင်းမှုနဲ့ပတ်သက်လို့ မြို့နယ်ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အဆောတလျှင် လုပ်ဆောင်သွားမယ်ဆိုတာကို ဆုံးဖြတ်လိုက်ကြတယ်လို့ အေအန်ပီပါတီရဲ့အထွေထွေ အတွင်းရေးမှူး ထွန်းအောင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။ “ရခိုင်တောင်ပိုင်းဒေသမှာရှိတဲ့ မြို့နယ်ကိုယ်စားလှယ်အားလုံးက တပြိုင်နက်တည်း တောင်ပိုင်းဒေသနဲ့ပတ်သက်လို့ စည်းရုံးမှုအားနည်းချက်နဲ့ သဘောထားကွဲလွဲနေအပေါ် လုပ်ဆောင်သွားဖို့ မြို့နယ်ကော်မတီတွေ တင်တယ်။ သူတို့က ကျနော်တို့ ကိုတင်ပြတာက မြို့နယ်ကို ဗဟိုခေါင်းဆောင်တွေ တလတကြိမ်စည်းရုံး ရေးဆင်းပြီး မြို့နယ်တွေပူးပေါင်းပါလို့ တင်ပြတယ်။ နောက်တခါမြို့နယ်အသီးသီးခေါင်းဆောင်တွေ သင်တန်းတွေပေးပို့သွားဖို့။ နောက်တခါမြို့နယ်မှာရှိတဲ့ လူငယ်တွေ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍကို မြှင့်ပေးသွားဖို့အဆို တင်ပြကြတယ်။ ဒီလိုတင်ပြချက်တွေကို အမြန်အကောင်ထည်ဖော် လုပ်ဆောင်သွားဖို့ အားလုံးကဆုံးဖြတ် လိုက်ပါတယ်။” သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ မာန်အောင်မြို့နယ်ကိုယ်စားလှယ်တွေက ရခိုင်တောင်ပိုင်း စည်းရုံးရေး အားနည်းချက်နဲ့ သဘောထားကွဲလွဲနေမှုအပေါ် အဓိကတင်ပြခဲ့တာဖြစ်ပြီး၊ လက်ရှိ အေအန်ပီပါတီရဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်း စိန်ခေါ်မှုတွေကိုလည်း ရခိုင် ပြည်နယ်အပါအ၀င် မြို့နယ် ၁၉ မြို့နယ်က တမြို့နယ်လျှင် ကိုယ်စားလှယ် ၃ ဦးနဲ့ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ဆွေးခဲ့ကြတာပါ။ အေအန်ပီပါတီရဲ့အထွေထွေ အတွင်းရေးမှူးထွန်းအောင်ကျော်က “အရင်ကဆိုရင် ကျနော်တို့မှာ စိန်ခေါ်မှုတွေအဲဒီလာက်မရှိဘူး။ အခုဆိုရင် ကျနော်တို့ စိန်ခေါ်မှုတွေအများကြီး ဖြစ်လာနေပြီ၊ ပြိုင်ဘက်တွေများလာပေမယ့် အခြေအနေအရပ်ရပ်ကို ကြည့်ပြီးတော့ ယှဉ်ပြိုင်ရတော့မယ်။ ရခိုင်နယ်ထဲမှာ သဘောထားကွဲနေတာ အများဆုံးဖြစ်လာနေတယ်။ ကျနော်တို့ပါတီထောင်လာတာဟာ ရွေးကောက်ပွဲဝင်ဖို့ သပ်သပ်မဟုတ်ဘူး။ ရခိုင်ပြည်နယ်နဲ့ ရခိုင်အမျိုးသားတွေရဲ့ ရေရှည်အကျိုးစီးပွား အတွက်ကိုယ့်လူမျိုး တွေဖိနှိပ်ခံဆင်းရေးဘဝကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပါတီကိုထူထောင်ခဲ့တာ။ ၅ နှစ်တကြိမ် ရွေးကောက်ပွဲဝင်ဖို့ ပါတီထူထောင်ခဲ့တာမဟုတ်ဘူး။ ပါတီတွေဘယ်လောက်များလာပါစေ ပြည်သူတွေကဒါကို အဆုံးအဖြတ် ပေးလိမ့်မယ်။” မြောက်ဦးမြို့မှာအောက်တိုဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပထမဦးဆုံး မြို့နယ်ပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေးကတင်ပြချက်၊ ဆွေးနွေးချက်နဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်သွားမယ်မဟုတ်ဘူးလို့ပြောပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024