ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအမျိုးသားလွှတ်တော်တည်ပြု
DVB
·
October 6, 2016
ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ထားတဲ့ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း” ကိုအမျိုးသားလွှတ်တော်က ပြင်ဆင်ဖြည့်စွက်တာတွေမလုပ်ဘဲ အတည်ပြု လိုက်ပါတယ်။
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း” ကို မနေ့ အောက်တိုဘာ ၅ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့တာပါ။
လက်ရှိတည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ အားနည်းချက်များ ရှိနေသလို မြန်မာနိုင်ငံအတွင်း စီးပွားရေးနယ်ပယ် အသီးသီးမှာ ရင်းနှီးမြှုပ်နှံလိုသူ အများအပြားရှိနေပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောလျင်စွာ အတည်ပြုပေးနိုင်ဖို့ လိုအပ်လို့ ယခုလို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။