ဘန်လေနောက်ခံလူနှင့် ပဲလေ့စ်တောင်ပံကစားသမားတို့ကို အင်္ဂလန်အသင်းတွင် ရွေးချယ်

ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်း(လယ်)
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဂလင်းဂျွန်ဆင်နဲ့ စတာလင်တို့ ဒဏ်ရာပြဿနာရှိတာကြောင့် ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းနဲ့ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား တောင်ဆန်တို့ကို အစားထိုးရွေးချယ်လိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ ဘန်လေနောက်တန်းကစားသမား မိုက်ကယ်ကိန်းဟာ အင်္ဂလန် လူငယ်လက်ရွေးစင်အသင်းတွေမှာသာ လက်ရွေးစင်ဖြစ်ခဲ့ဖူးပြီး အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား တောင်ဆန်ဟာလည်း ယူရို ၂၀၁၂ မှာ ပါဝင်ခွင့်မရခဲ့ပေမယ့် မန်စီးတီးကစားသမား စတာလင် ကြံ့ခိုင်မှုမပြည့်ဝတာကြောင့်  ပြန်လည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် မော်လ်တာ၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up