အောင်လအန်ဆန်း ကမ္ဘာ့ချန်ပီယံဖြစ်ရန် မျှော်မှန်း

အောင်လအန်ဆန်းအနေနဲ့ လာမယ့် ၇ ရက်နေ့ ထိုးသတ်မယ့်ပွဲမှာ အနိုင်ရဖို့သေချာလို့ လာရောက်ထိုးသတ်တာဖြစ်ပြီးတော့ မြန်မာနိုင်ငံသားတွေ ဂုဏ်ယူနိုင်အောင်လို့ ကြိုးစား ထိုးသတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ လာမယ့် ၇ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ ထိုးသတ်အနိုင်ရပြီးရင်တော့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရမယ်ထင်တယ်လို့ အောင်လအန်ဆန်းက ဒီဗွီဘီ ကိုပြောပါတယ်။ မကြာခင်မှာထိုးသတ်မယ့် ပိုလန်နိုင်ငံသားမစ်ချယ်ပက်စတာနက် နဲ့ပွဲမှာလည်း ပြိုင်ဘက်ကို အနိုင်ယူဖို့အတွက် သေချာလေ့ကျင့်ပြင်ဆင်ထားပြီးတော့ ပြိုင်ဘက်ရဲ့အားနည်းချက်တွေနဲ့ အားသာတဲ့အချက်တွေကိုလည်း သေသေချာချာလေ့လာထားပြီးဖြစ်တယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာအောင်လအန်ဆန်းအနေနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ရေးကိုသာ အာရုံစိုက်ထားပြီးတော့ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ပြန်လာဖို့ရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အောင်လအန်ဆန်းအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လာရောက်ထိုးသတ်ခဲ့စဉ်က အီဂျစ်နိုင်ငံသား မိုဟာမက်အလီအကို ၂ မိနစ်နဲ့ ၃၈ စက္ကန့်မှာ အလဲထိုးအနိုင်ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up