ညာနောက်ခံလူ ဘယ်လာရင်ကို ၂ နှစ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေး

အာဆင်နယ်အသင်းဟာ ညာနောက်ခံလူ ဘယ်လာရင်ကို ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။ အသက်၂၁နှစ်ရှိ စပိန်နောက်ခံလူ ဘယ်လာရင်ကို ဘာစီလိုနာနဲ့မန်စီးတီအသင်းတို့က  လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စီစဉ်နေတာကြောင့် အာဆင်နယ်အသင်းက စာချုပ်သက်တမ်း ထပ်တိုးဖို့ စီစဉ်နေတာပါ။ ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်တဲ့ ဘယ်လာရင်ဟာ ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းဆီပြောင်းရွှေ့လာတာပါ။ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး တစ်ပတ်ကို ပေါင်သုံးသောင်းသာရရှိနေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေက မက်မောစရာ လစာငွေနဲ့ ကမ်းလှမ်းဖို့ရှိတာကြောင့် ကစားသမားကို လစာတိုးပေးပြီး အသင်းမှာ ဆက်ရှိနေဖို့အတွက် သက်တမ်းတိုးလိုတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up