ကိုယ်ဝန်ဖျက်ချမှု ပိတ်ပင်ရန်အဆိုကို ပိုလန်အမျိုးသမီးများ ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
ပိုလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှု လုံးဝပိတ်ပင်ဖို့အဆိုကို ပိုလန်အမျိုးသမီးတွေ ထောင်နဲ့ချီပြီး မြို့တော် ၀ါဆောမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မိန်းမသားတွေရဲ့ လင်ယူသားမွေးခွင့်ကို ကန့်သတ်ချုပ်ချယ်ဖို့ ကြိုးစားမှုဆိုပြီး ၀ါဆောမြို့တော် လမ်းမတွေမှာထွက် ဆန္ဒပြခဲ့ကြတာပါ။ ၁၉၇၅ ခုနှစ်က အိုက်စလန်နိုင်ငံမှာ အမျိုးသမီးအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့ကြသလို အနက်ရောင်ဝတ်ဆင်ပြီး နေ့စဉ်အလုပ်တွေကို မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဥရောပမြို့ကြီးတွေဖြစ်တဲ့ ဘာလင်၊ ဘရပ်ဆဲလ်၊ ဘဲလ်ဖတ်ခ်၊ လန်ဒန်နဲ့ ပါရီမြို့တော်တို့မှာလည်း သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဒီတင်းကျပ်တဲ့ဥပဒေကို ပိုလန်လွှတ်တော်တရပ်မှာ အတည်ပြုထားပြီဖြစ်ပြီး တကယ်လို့ ဥပဒေတရပ်အဖြစ် တရားဝင်ပြဋ္ဌာန်းလိုက်ရင်တော့ ပိုလန်နိုင်ငံလည်း ဗာတီကန်နဲ့ မော်လ်တာနိုင်ငံတို့လိုပဲ ကိုယ်ဝန်ဖျက်ချမှုဥပဒေ အထူးတင်းကျပ်လာမှာပါ။ အဲ့ဒီဥပဒေအရ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချကြောင်း ထင်ရှားရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပြီး ကူညီဆောင်ရွက်ပေးတဲ့ ဆရာဝန်လည်း ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up