ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား ဧည့်ခံ
DVB
·
October 5, 2016
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား မနေ့ညပိုင်းက နေပြည်တော်ရှိ နေအိမ်မှာ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
အဲ့ဒီ ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Mr. Andrew Patrick နဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်မှာလည်း ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow နဲ့ တွေ့ဆုံခဲ့ပါတယ်။