ယခုနှစ်အတွင်း ရေကြီးမှုကြောင့် မြောက်ကိုရီးယားတွင် လူရာချီသေဆုံး

ဓာတ်ပုံ - ရိုက်တာ
821
မြောက်ကိုရီးယားမှာ ဒီနှစ်အတွင်း ရေကြီးမှုကြောင့် လူ ရာနဲ့ချီ သေဆုံးသွားတယ်လို့ နိုင်ငံတကာကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်းတို့က ဆိုပါတယ်။
လောလောဆယ်မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့ လူဦးရေ ၆ သိန်းရှိနေပြီး အိမ်ပေါင်း ၃၀၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ လခြမ်းနီအဖွဲ့ဟာ ကိုရီးယား ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး အရေးပေါ် အကူအညီတွေကို ပေးနေတယ်လို့ ဆိုပါတယ်။
ကြက်ခြေအနီအဖွဲ့က ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ ရေကြီးတဲ့ဒေသမှာ ဒုက္ခသည်တွေ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတာ တွေ့ရပါတယ်။
အောက်တိုဘာလ နှောင်းပိုင်းကျရင် ဆောင်းဝင်တော့မှာဖြစ်လို့ သူတို့အတွက် အချိန်မီ အမိုးအကာနဲ့ အနွေးထည်တွေ လိုအပ်တယ်လို့ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။