ဂျွန်ဆင်၊ လင်ဂတ်၊ ချိန်ဘာလိန်တို့ အင်္ဂလန်အသင်းတွင် ပြန်အရွေးခံရ

လင်ဂတ်။
အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်ရာမှာ စတုတ်စီးတီး နောက်ခံလူ ဂလင်းဂျွန်ဆင်၊ မန်ယူတောင်ပံကစားသမား လင်ဂတ်၊ အာဆင်နယ်ကစားသမား ချိန်ဘာလိန်တို့ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၃၂ နှစ်ရှိ ဂလင်းဂျွန်ဆင်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြီးကတည်းက အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ဘဲ ဒီနှစ်မှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။ အင်္ဂလန်ယာယီနည်းပြ ဆောက်ဂိတ် ရွေးချယ်တဲ့ အသင်းလူစာရင်းမှာ လီဗာပူးနောက်ခံလူ ကလိုင်း၊ လက်စတာကွင်းလယ်လူ ဒရင့်ဝါးတားတို့ မပါဝင်ခဲ့ဘဲ ခြေစွမ်းပြနေတဲ့ ၀တ်ဖို့ဒ်တိုက်စစ်မှူး ဒီးနေ၊ ခရစ္စတယ်ပဲလေ့ တောင်ပံကစားသမား တောင်းဆန်နဲ့ အဲဗာတန် ကွင်းလယ်ကစားသမား ဘာကလေတို့ကိုလည်း ချန်လှပ်ခဲ့ပါတယ်။ အင်္ဂလန်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ မန်ယူလူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အစားထိုးရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအနေနဲ့ အောက်တိုဘာ ၈ ရက်မှာ မော်လ်တာ၊ အောက်တိုဘာ ၁၁ ရက်မှာ ဆလိုဗေးနီးယားတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up