မြန်မာအသင်း ဆိုက်ပရပ်စ်ကလပ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ပဏာမ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဆိုက်ပရပ်စ်ကလပ်အသင်း Paralimni တို့ ခြေစမ်းပွဲကစားရာမှာ မြန်မာ့လက်ရွေးစင်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အောင်သူက ၁၂ မိနစ်နဲ့ ၅၄ မိနစ်၊ လှိုင်းဘိုဘိုက ၈၃ မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာပါ။ ဆိုက်ပရပ်စပ် ပရော်ဖက်ရှင်နယ်ကလပ်အသင်း တသင်းဖြစ်တဲ့ Enosis Neon Paralimini ကလပ်အသင်းမှာ စပိန်၊ အင်္ဂလန်၊ ပြင်သစ်၊ စလိုဗေးနီးယား၊ ရိုမေးနီးယား၊ သြစတြီးယား၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ ဆိုက်ပရပ်စ် အစရှိတဲ့ နိုင်ငံတွေက ကစားသမားတွေ ပါဝင်ကစားနေတဲ့ အသင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကတည်းက ဂျာမနီနိုင်ငံမှာ နေထိုင်လေ့ကျင့်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၂ ရက်နေ့အထိ ဆိုက်ပရပ်စ်နိုင်ငံမှာ နေထိုင်လေ့ကျင့်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up