အောင်မြင်သော အလုပ်အကိုင်အခွင့်အလမ်းသစ်များဆီသို့ ဆွေးနွေးပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
October 2, 2016
အောင်မြင်သော အလုပ်အကိုင်အခွင့်အလမ်းသစ်များဆီသို့ ဆွေးနွေးပွဲကို အောက်တိုဘာ ၂ ရက်နေ့က ကုန်သည်နဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိဖို့ ဘယ်လို အလုပ်လျှောက်မလဲ၊ ဘယ်လိုမျိုး ပြင်ဆင်ထားသင့်လဲ၊ HR တွေ အနေနဲ့လည်း ဘယ်လိုသူမျိုးကို အလုပ်ခန့်အပ်လဲ ဆိုတာတွေ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ ဆွေနွေးပွဲမှာ မန္တလေးစာကြည့်တိုက်တည်ထောင်သူ ကိုသိန်းဇော် (ခ) ကိုဇော်ဇော်က ကျနော်ဇော်ဇော်ပါ ခေါင်းစဉ်နဲ့ သူ့ဘဝအတွေ့အကြုံတွေ ပြောပြပေးသွားပါ တယ်။
သတင်း၊ ဓာတ်ပုံ - သူဇာလင်း