တောင်ကာရိုလိုင်းနားတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ၆ နှစ်အရွယ် ကလေးတဦး သေဆုံး

ဒီအပတ်ထဲမှာ တောင်ကာရိုလိုင်းနားပြည်နယ်ထဲက အခြေခံပညာကျောင်းတကျောင်းကို သေနတ်ဝင်ပစ်သွားလို့ ပစ်ခတ်မှုအတွင်း အသက် ၆ နှစ်အရွယ် ကောင်လေးတဦး ဒဏ်ရာရကာ သေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့မိခင်က စနေနေ့က ပြောလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က တောင်းဗေလ် အခြေခံပညာကျောင်းကို ဝင်ပစ်ခတ်သွားတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးကို လူသတ်ရန်ကြံစည်မှု ၃ မှုနဲ့ သောကြာနေ့က စွဲချက်တင်ထားပါတယ်။ ဒီကလေးဟာ သူရဲ့အိမ်မှာ ဖခင်ကိုလည်း သတ်သွားခဲ့လို့ အဲ့ဒီအမှုနဲ့လည်း စွဲချက်တင်ထားပါသေးတယ်။ စီအဲန်န်အဲန်န်အနေနဲ့ကတော့ ပစ်ခတ်ခဲ့တဲ့ ကလေးဟာ အသက်မပြည့်တာကြောင့် သူ့ရဲ့အမည်ကို မဖေါ်ပြပါဘူး ဒီကလေးရဲ့အမှုကို မိသားစုတရားရုံးမှာ ကြားနာမှာဖြစ်ပြီး သူ့ကို အရွယ်ရောက်သူ တစ်ယောက်အနေနဲ့ ကြားနာမှု လုပ်မယ်/မလုပ်ဘူးဆိုတာတော့ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ပြောပါတယ်။ သေဆုံးသူ ဂျက်ကော့ဘ်ဟောလ်ရဲ့ ပေါင်ရင်းက သွေးကြောကို ကျည်ထိပြီး သွေးအများကြီးထွက်ခဲ့ပါတယ် အဲ့ဒါက ဦးနှောက်ကို အကြီးအကျယ်ထိခိုက်စေပြီး ဒီကလေးငယ်ဟာ စနေနေ့က သေဆုံးခဲ့တယ်လို့ ကလေးရဲ့ မိခင်ရီနေးဟောလ်က ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးခဲ့တာပါ။ “ဘုရားသခင်ရဲ့အလိုအရတော့ မင်းကသေဆုံးသွားပြီး ကလေးရေ မင်းဟာ ငါရဲ့နတ်သားကလေးပါ အခုငါက မင်းထွက်သွားတဲ့ မင်းရဲ့ခန္ဓာကိုယ်ကိုဘေးမှာ လဲလျောင်းပြီး မင်းကို ကြည့်နေတယ် အမေရဲ့ဘဝမှာ သားကလေးရှိခဲ့တာက ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းခဲ့လဲဆိုတာကို သတိပေးနေသလိုပါပဲ” လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သေဆုံးသူကလေးရဲ့မိခင်က ရေးထားပါတယ်။ ကုသတဲ့ဆရာဝန်တွေနဲ့ ကူညီခဲ့ကြတဲ့ အသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း မိသားစုအနေနဲ့ ပြောထားတဲ့ စာကြောင်းကိုလည်း ရေးထားပါသေးတယ် နောက်ပြောထားတာက ဂျက်ကော့ဖ်ဟာ ဖြူစင်တဲ့ မေတ္တာအတွက် ဥပမာ တစ်ခုပါပဲတဲ့။ ကလေးရဲ့ ဖခင်နဲ့မိခင်ဖြစ်သူ ရော့ဒ်ဂျာဟောလ်နဲ့ ရီးနေးဟောလ်က “သားလေးက ကျမတို့ကို ဘယ်လိုချစ်ရမယ် ရယ်ရ ပြုံးရမယ် ဆိုတာတွေကို သင်ပြပေးခဲ့တာပါ”လို့ ပြောခဲ့ပါတယ် “ဘုရားက ဒီကလေးကို ကျမတို့ကို ပေးခဲ့တယ် ပြီးတော့ အဓိပ္ပာယ်မရှိ ပြန်ခေါ်သွားတယ်” ကျနော်တို့သိပါတယ် သားလေးက သူ့အပေါ်နဲ့ သူ့မိသားစုအပေါ် ဒီလိုလုပ်ခဲ့တဲ့ ဒီသေနတ်သမားကလေးကို ခွင့်လွှတ်မှာပါ ဘာလို့လည်းဆိုတော့ သားလေးက ဒီလိုခွင့်လွှတ်တတ်တဲ့ ကလေးလေးပါလို့လည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က အခြေခံကျောင်းရဲ့ ကစားကွင်းမှာ ဒီဆယ်ကျော်သက်ကောင်လေး သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဂျက်ကော့ဘ်အပါအဝင် လူ ၃ ဦးကို ဖြစ်ပြီး အခြားကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ဦးကတော့ ပစ်ခတ်တဲ့နေ့မှာ သေနတ်ဒဏ်ရာ အပြင်းအထန်မရပဲ ဆေးဝါးကုသခံခဲ့ရပါတယ်။ ဒဏ်ရာရရှိတဲ့ဆရာဟာ အဲ့ဒီကျောင်းမှာ စာသင်နေတာ ၉ နှစ်ရှိပြီး ပထမတန်းကို စာသင်တဲ့ မီဂန်ဟိုလင်းဆဝါ့သ် ဖြစ်တယ်လို့ သိရပါတယ်။ ဆရာက သေဆုံးသွားတဲ့ ဂျက်ကော့ဘ်နဲ့ အခြားကလေးတစ်ဦးကို ကာကွယ်ရင်း ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဆယ်ကျော်သက် သေနတ်ပစ်သမားဟာ အိမ်မှာ သူ့ရဲ့အဖေကို ပစ်သတ်ခဲ့တယ် ပြီးတော့ပစ်ကတ်ကားကို မောင်းထွက်လာပြီး ကျောင်းကိုလာတယ် ကားထဲကထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေကထင်မြင်ကြောင်း ပြောခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up