ရုပ်ဆိုးသည့်သူငယ်ချင်း၏ ဘေးယှဉ်ရပ်တာက ကိုယ့်ကိုပိုစွဲဆောင်မှုဖြစ်စေကြောင်း သုတေသီများ ပြော

ရုပ်ဆိုးတဲ့သူငယ်ချင်းရဲ့ဘေးမှာ ယှဉ်ရပ်လိုက်တာက အင်မတန်ကိုရိုးရှင်းတဲ့ စွဲဆောင်မှုရှိစေတာရဲ့လျှို့ဝှက်ချက်ဖြစ်နိုင်ပါတယ်။ သုတေသီရဲ့တွေ့ရှိချက်က လူတွေရဲ့အဖော်အပေါင်းတွေပေါ်မှာ မူတည်ပြီး သူတို့ရဲ့ စွဲဆောင်နိုင်မှုကလည်း ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ သူတို့ရဲ့အဖော်အပေါင်းတွေက ခပ်တုံးတုံးပုံကောင်မလေးတွေ ငြီးငွေ့စရာ ပုံကောင်းလေးတွေဆိုရင် ဒီလိုအပေါင်းအဖော်ရှိတဲ့လူတွေဟာ ပိုပြီးစွဲဆောင်မှု ရှိနေတယ်လို့ ထင်ရပါသတဲ့။ လန်ဒန် ရွိုင်ရယ်လ်ဟော်လိုဝေးတက္ကသိုလ်မှ သုတေသီတွေက သုတေသနလုပ်ရာမှာ လုပ်အားပေးအနေနဲ့ပါဝင်ဆောင်ရွက်သူတွေကို သူတို့ရဲ့သီးသန့်ပုံတွေနဲ့ သူတို့ပုံတွေကို ခတ်တုံးတုံးလူတွေရဲ့ဘေးမှာထားပြီး ရိုက်ထားတဲ့ပုံတွေကို နှိုင်းယှဉ်ခိုင်းပြီး ဘယ်ပုံက ပိုစွဲဆောင်မှုရှိလည်းဆိုတာ သတ်မှတ်ခိုင်းနေတာပါ။ နောက်ပြီးတော့ သုတေသီတွေက လုပ်အားပေးတွေရဲ့ပုံတွေကို ရုပ်ဆိုးတဲ့လူတွေရဲ့ ပုံဘေးမှာထားခိုင်းပါတယ် ဒီလိုယှဉ်လိုက်တဲ့အခါ သူတို့ရဲ့ပုံတွေက ပိုပြီးစွဲမက်ဖွယ် ပုံပေါ်နေတာကို တွေ့ရတာပါ။ သုတေသီတစ်ဦးဖြစ်တဲ့ နစ်ကိုးလက်စ်ပြောတာက “ကျနော်တို့တွေက အလှတရားနဲ့ စွဲဆောင်မှုဆိုတာတွေကို စွဲလမ်းကြတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေကြတာပါ ဒါပေမယ့်လည်း ကျနော်တို့ ဒီအလှတရားကို ဘယ်လိုတိုင်းတာတယ်။ ဘယ်လိုနားလည်တယ်ဆိုတဲ့ သဘောတရားတွေက တကယ့်ကို သံသယဝင်စရာ ဖြစ်နေတုန်းပါပဲ ခုချိန်ထိကို လူတယောက်ရဲ့ စွဲဆောင်မှု ပမာဏက ယေဘူယျအားဖြင့် ခိုင်မြဲတယ်။ မယိမ်းယိုင်တဲ့ သဘောလို့ နားလည်ထားတာပါ။ ဒါပေမယ့် ခုကျနော်တို့လုပ်ခဲ့တဲ့ သုတေသနအလုပ်ကနေ ကျနော်တို့ ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကျနော်တို့ကို စွဲဆောင်မှုရှိတယ်လို့ ထင်ရအောင် တော်တော်ကြီးကို သက်ရောက်မှု ရှိတယ်ဆိုတာ ပြနေပါတယ်။” “မှန်ချင်လည်းမှန်မယ် မှားချင်လည်းမှားမယ် ဒါပေမဲ့ လူတွေဘယ်လိုပုံပေါ်နေတယ် ဆိုတာက အဲဒီလူတွေကို အခြားလူတွေက ဘယ်လိုမြင်လဲဆိုတာနဲ့လည်း ဆိုင်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up