စင်ကာပူက မြန်မာအိမ်အကူအချို့ အလိမ်ခံရတာနှင့် ဖြတ်စားလုပ်ခံရတာတွေ ရှိနေ

မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးအေဂျန်စီတွေက အသက် ၁၅ နှစ်အရွယ် လောက်ရှိတဲ့ မိန်းကလေးတွေကို စင်ကာပူနိုင်ငံမှာ အိမ်အကူအနေနဲ့ အလုပ်လုပ်ဖို့ ရှာဖွေ စုဆောင်းနေတယ်လို့ သိရပါတယ်။ စင်ကာပူက အိမ်အကူအများစုက မြန်မာနိုင်ငံကဖြစ်ပြီး အလုပ်လုပ်ဖို့ ရှာဖွေစုဆောင်း ခံရစဉ် ကာလမှာလည်း အလိမ်ခံရတာ၊ ဖြတ်စားလာဘ်စားလုပ်ခံရတာတွေ ရှိတယ်လို့ စုံစမ်းမှုတွေက ဖော်ပြနေတာပါ။ စင်ကာပူနိုင်ငံမှာတော့ နိုင်ငံခြားသား အိမ်အကူလုပ်သား ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ သိရပြီး ဥပဒေအရ အိမ်အကူတွေရဲ့အသက်ဟာ အနည်းဆုံး ၂၃ နှစ်ရှိရမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ပြောတာက ဒီအိမ်အကူတွေကို သူတို့အလုပ်လုပ်ကိုင်တဲ့ အိမ်တွေကနေ မတော်မတရားဆက်ဆံတာတွေက ပိုပိုပြီး အရေးမကြီးတဲ့ ကိစ္စတွေလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပတ်စပို့တ်ထဲက အသက်နဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပုံမှန်လိုလို လာဘ်စားနေကြတာပါ။ သူတို့ရဲ့ငယ်ရွယ်မှုကြောင့် မိန်းကလေးတွေဟာ မတော်မတရားဆက်ဆံချင်တဲ့ အလုပ်ရှင်တွေ၊ လိင်မုဆိုးတွေရဲ့ အလွယ်တကူ ပစ်မှတ်ထားရာဖြစ်နေတာပါ။ ဒါပေမယ့်ပြဿနာက ဘယ်လောက်ဆိုးရွားတယ်ဆိုတာနဲ့ ဒါကိုဘယ်လို ကုသကြမလဲဆိုတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up