အမေရိကန်နိုင်ငံ၏ ကျွဲရိုင်းသွင်းပွဲတော် (ရုပ်သံ)
DVB
·
October 2, 2016
အမေရိကန်နိုင်ငံ ဒါကိုတာပြည်နယ် အနောက်တောင်ဖက်ပိုင်းရဲ့ အင်မတန်လှပတဲ့ အနက်ရောင် တောင်ကုန်းတွေ ပေါ်မှာရှိတဲ့ ကက်စတာပြည်နယ်ပန်းခြံဟာ သစ်တောထူထပ်ပြီး၊ အေးချမ်းတိတ်ဆိတ်လှတဲ့ စားကျက်နယ်မြေတွေ၊ ကြီးကျယ်ခန်းနားလှတဲ့ တောင်တွေနဲ့ ပြည့်နှက်နေတာပါ။
ဒီလို ဧက ၇၁,၀၀၀ ကျယ်ဝန်းတဲ့ ပြည်နယ်ပန်းခြံဟာ ကမ္ဘာ့အကြီးဆုံး အများပိုင် ကျွဲအုပ်တွေထဲက တစုဖြစ်တဲ့ သန်မာတဲ့ကျွဲရိုင်း ၁၃၀၀ နီးပါးရဲ့ နေစရာအိမ်လည်း ဖြစ်နေတာပါ။
နှစ်စဉ်ဆောင်းဦးရာသီရောက်တိုင်း မြေပြင်ဟာ ထစ်ချုန်းသံမြည်ပြီး ဖုန်တွေက ကျွဲကျောင်းတဲ့ ကောင်လေး ကောင်မလေးတွေလို လွင့်ပျံနေတယ်။ ပန်းခြံရဲ့ဝန်ထမ်းတွေဟာ မြင်းတွေစီးပြီး ကျွဲရိုင်းအုပ်ကို မောင်းသွင်းနေတာပါ။
ဒီနှစ်စဉ် ကျွဲရိုင်းသွင်းပွဲကို စက်တင်ဘာလ ပြီးခဲ့တဲ့သောကြာနေ့ ၃၀ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး လူထုကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတာပါ။
နောက်နှစ် ၂၀၁၇ ခုနှစ်မှာတော့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဒီကျွဲရိုင်းသွင်းပွဲတော်ကို ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။