Home
မြန်မာသတင်း
ကချင်တိုက်ပွဲ ရပ်တန့်ရန် အမေရိကန်သံရုံး တောင်းဆို
DVB
·
October 2, 2016
ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲများနှင့် အလွန်ခက်ခဲနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကြောင့် အမေရိကန်သံရုံးအနေနဲ့ အထူးစိုးရိမ်မိကြောင်း ရန်ကုန်ရှိသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၃၀ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအမြန်ဆုံး ရပ်တန့်ဖို့လည်း အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေသူများနှင့် တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသူများအား အကူအညီပေးနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများအား အဟန့်အတားမရှိ အမြန်ဆုံးဝင်ရောက်ခွင့်ပေးဖို့လည်း သံရုံးက အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ရန်လိုမှုများရပ်တန့်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုများအပေါ် ကန့်သတ်မှုများ ဖယ်ရှားပေးခြင်းနှင့် အဓိပ္ပာယ်ပြည့်ဝသော အပြန်အလှန်ဆွေးနွေးပွဲစကားဝိုင်းသို့ ပြန်လည် ၀င်ရောက်ခြင်းတို့ဟာ ရေရှည်တည်တံ့သောငြိမ်းချမ်းတရပ်ကို ပိုမိုခိုင်မာစိတ်ချရစေရန်အတွက် အင်မတန်အရေးကြီးပါတယ်လို့ သံရုံးရဲ့ ကြေညာချက်ထဲ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ပြီးခဲ့တဲ့ လ ကချင်ပြည်နယ် ခရီးစဉ်အပြီး အခု ကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024