တရုတ်ရန်မင်ဘီကို ကမ္ဘာသုံးအထူး အရန်ငွေကြေးစာရင်းထဲ ထပ်ဖြည့်

တရုတ်ငွေကြေး ရန်မင်ဘီကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကမ္ဘာသုံး အထူး အရန်ငွေကြေးစာရင်းထဲ ထပ်ဖြည့် ထည့်လိုက်ပြီလို့ IMF က စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ တရုတ် IMF နဲ့ နိုင်ငံတကာ ငွေကြေး စနစ်အတွက် သမိုင်းဝင် မှတ်တိုင် ဖြစ်တယ်၊ စနေနေ့မှာ စတင် အကျိုး သက်ေ၇ာက်မယ် လို့လည်း IMFက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ် ပိုအားကောင်းအောင် တည်ဆောက်ရာမှာ အကူအညီ ရလိမ့်မယ်လို့ တရုတ်ဗဟိုဘဏ်က စနေနေ့မှာ ပြောပါတယ်။ ဒါဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ တရုတ်ရဲ့ တိုးတက်မှု ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့် ဝါဒတွေ ကို အသိအမှတ်ပြုတာ လို့လည်း ဗဟိုဘဏ်က ပြောပါတယ်။ အထူးအရံငွေကြေး SDRဆိုတာ ၁၉၆၉ ခုနှစ်က IMFက ဖန်တီးခဲ့တဲ့ နိုင်ငံတကာ အရံငွေကြေး ပိုင်ဆိုင်မှုပါ အဖွဲ့ဝင် နိုင်ငံတွေရဲ့ တရားဝင် အရံငွေ ဖြည့်တင်းဖို့ ဖြစ်ပါတယ်။ ဒီငွေတွေကို လိုအပ်ချိန်မှာ သုံးလို့ရတဲ့ ငွေကြေးအဖြစ် အစိုးရတွေကြား လွတ်လွတ် လပ်လပ် ဖလှယ်နိုင် ပါတယ်။ တရုတ်ယွမ်ငွေကို SDR စာရင်းထဲမှာ ငါးခုမြောက် ငွေကြေး အဖြစ် ထည့်သွင်းဖို့ IMFက ကျန်ခဲ့တဲ့ နိုဝင်ဘာမှာ ဆုံးဖြတ်ခဲ့ပါတယ်။ စတင် သက်ရောက်မယ့် ရက်ကိုတော့ ၂၀၁၆ အောက်တိုဘာ ၁ရက်လို့ သတ်မှတ် ခဲ့တာပါ။ အရံငွေ ထည့်ဝင်မှု အချိုးကို IMF ရဲ့ အမှုဆောင် ဘုတ်အဖွဲ့က သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် အရ တရုတ်ယွမ်ငွေက ၁၀ ဒသမ ၉၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာက ၄၁ ဒသမ ၇၃ ရာခိုင်နှုန်း၊၊ ယူရိုငွေက ၃၀ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဂျပန်ယန်းငွေက ၈ ဒသမ ၃၃ ရာခိုင်နှုန်းနဲ့ ပေါင်စတာလင်က ၈ ဒသမ ၀၉ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။ နောက်တကြိမ် ပြန်လှန်သုံးသပ်မှု မတိုင်ခင် ဒီရာခိုင်နှုန်းတွေဟာ နောက်ထပ် ငါးနှစ်အတွင်း တည်မြဲနေမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up