ဒေါ်နယ်ထရမ့်က ကမ္ဘာ့အလှမယ်ဟောင်း အယ်လီစီယာမက်ရှဒိုကို တွစ်တာတွင် ဝေဖန်

ဒေါ်နယ်ထရမ့်ကို အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတဲ့ အမျိုးသမီးမုန်းတီးရေး ဝါဒသမားလို့ ဝေဖန်ခဲ့တဲ့ အလှမယ်ဟောင်းကို ဒေါ်နယ်ထရမ့်ကလည်း ပြန်လည်ဝေဖန် လိုက်ပါတယ်။ တွီတာမှာတော့ ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဟာ အမေရိကန်တွေအနေနဲ့ အလှမယ်ဟောင်း အယ်လီစီယာမက်ရှဒိုရဲ့ ကိုယ်ရေးသမိုင်းနဲ့ သူမရဲ့ “လိင်ပိုင်းဆိုင်ရာ တိတ်ခွေတွေကို” စုံစမ်းစစ်ဆေးကြဖို့ တိုက်တွန်းထားပါတယ်။ သူရဲ့ပြိုက်ဖက် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်က ဗီနီဇွဲလားမှာ မွေးဖွားခဲ့တဲ့ မစ်စ်မက်ရှဒိုရဲ့ အမေရိကန်နိုင်ငံသားဖြစ်မှု အကာအကွယ်ပေးထားမှုကိုလည်း သူသွယ်ဝိုက်ပြောလိုက်တာပါ။ မစ်စက်စ်ကလင်တန်က သူမရဲ့တွီတာမှာ “ဒါကရူးတာပဲ ဆင်ခြင်တုံတရားမရှိတာ ထရမ်ပ်အတွက်တောင်မှ ဟန်ချက်မညီတဲ့ကိစ္စပဲ” လို့ ပြန်လည်ရေးခဲ့ပါတယ်။ မစ္စမက်ရှိဒိုက ၁၉၉၆ ခုနှစ်မှာ မယ်စကြာဝဠာရပြီးတဲ့နောက် သူမရဲ့ ကိုယ်အလေးချိန် တက်လာပါတယ်။ အဲဒီနောက် အိမ်ဖြူတော်မှကျင်းပတဲ့ မယ်စကြာဝဠာပွဲမှာ ရီပက်ဘလစ်ကန် အမတ် ဒေါ်နယ်ထရမ့်ပ်က သူမကို “Miss Piggy” “ဝက်အလှမယ်” လို့ခေါ်ခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ပ်က သူမရဲ လက်တင်ထုံးတမ်းစဉ်လာကို သရော်တဲ့အနေနဲ့ “Miss Housekeeping” “အိမ်ထိန်းအလှမယ်” ဆိုပြီး သရော်လှောင်ပြောင်ခေါ်ခဲ့သေးတယ် လို့လည်း မစ်စ်မက်ရှဒိုက ပြောလိုက်ပါတယ်။ ဒီအပတ်အစောပိုင်းတုန်းက ပထဦးဆုံးကျင်းပတဲ့ သမ္မတစကားရေလုပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့ သဘောထားကို မစ်စ်မက်ရှဒိုရဲ့ဖြစ်ရပ်နဲ့ ဥပမာပေးပြီး မစ်စက်စ်ကလင်တန်က ထည့်သွင်းပြောကြားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up