ရွန်းနီအား အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်သွားမည်ဟု နည်းပြပြော

ဝိန်းရွန်းနီကို အသင်းခေါင်းဆောင် ဆက်လက်ခန့်အပ်သွားမယ်လို့ အင်္ဂလန်အသင်း ယာယီနည်းပြ ဆောက်ဂိတ်က ပြော ပါတယ်။ အင်္ဂလန်ယူ ၂၁ အသင်းနည်းပြဆောက်ဂိတ်ဟာ လက်ရွေးစင်နည်းပြ ဆမ်အလာဒိုက်စ်နဲ့ ၂ ဦးသဘောတူလမ်း ခွဲလိုက်တာကြောင့် အင်္ဂလန်အသင်းရဲ့ ပွဲစဉ် ၄ ပွဲကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တာဝန် ပေးခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့်အောက်တိုဘာ ၈ ရက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် မော်လ်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းလူစာရင်းကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ အင်္ဂလနည်းပြ ဆောက်ဂိတ်အနေနဲ့ မန်ယူ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုလည်း စီနီယားအသင်းကြီးမှာ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြသစ်လျာထားစာရင်းမှာ အာစင်နယ်နည်းပြ အာစင်ဝင်းဂါး၊ ဂျာမနီနည်းပြဟောင်း ကလန်းစမန်း၊ ဟယ်ရီရက်နက်၊ စတိဘရုစ်တို့ လည်း ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up