၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 1, 2016
၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ အောက်တိုဘာ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် အောက်တိုဘာ ၁ ရက် နေ့ အဖြစ် သတ်မှတ်ထားခဲ့တာပါ။
"ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာအေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တာဆီးရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ အဲ့ဒီရည်မှန်းချက်တွေထဲက တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ဖို့ဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ အခြေခံမူဘောင်တွေထဲက တခုဖြစ်ပါတယ်"လို့ (၅၂)နှစ်မြောက်နေ့ အခမ်းအနားမှာ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော် အရာရှိကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးတွေ၊ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။