Home
ဆောင်းပါး
သန်း​ရွှေ အလွန် (၇)
DVB
·
October 27, 2011
ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေဟာ ၂၀၁၁ မတ်လ ၃၀ ရက်မှာ မြန်မာ့​တပ်မ​တော် အကြီး​အကဲဖြစ်တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ထံ တရား​ဝင် လွှဲ​ပြောင်း​ခဲ့​ပါတယ်။ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တချို့​သော မြင်သာထင်သာတဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို မြန်မာတပ်မ​တော်ထဲမှာ လုပ်​နေတာနဲ့​ ပတ်သက်ပြီး​ တင်ပြ​ပေး​သွား​ပါမယ်။ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်ပြီး​တာနဲ့​ မကြာခင်ဆိုသလိုပဲ အသက် ၅၅ နှစ်ရှိပြီး​ဖြစ်တဲ့​ အရာရှိနဲ့​ အခြား​အဆင့်​စစ်သည် တပ်မ​တော်သား​တိုင်း​ဟာ စစ်တပ်က​နေ နုတ်ထွက်ခွင့်​ တင်နိုင်တယ်ဆိုပြီး​ တပ်ရင်း​တပ်ဖွဲ့​အသီး​သီး​ကို တရား​ဝင်​ကြေး​နန်း​နဲ့​ ညွှန်ကြား​ခဲ့​ပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ ထူး​ခြား​တဲ့​ လုပ်​ဆောင်ချက်တခုကို စတင်လုပ်​ဆောင်တာလို့​လည်း​ ​ပြောလို့​ရပါတယ်။ အရင် အာဏာရှင်​ဟောင်း​ ဦး​နေဝင်း​လက်ထက်နဲ့​ စစ်အာဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေ လက်ထက်တို့​မှာ အရာရှိအဆင့်​အ​နေနဲ့​ တပ်မ​တော်က​နေ အရှင်ထွက် ထွက်ခွင့်​မရဘဲ အ​သေထွက်ပဲ ထွက်လို့​ရတယ်လို့​ ​ပြောတဲ့​ ဆိုရိုး​စကား​ရှိပါတယ်။ သ​ဘောက​တော့​ တိုက်ပွဲမှာကျဆုံး​တဲ့​သူ၊​ ​နောက်ပြီး​တော့​ ကျန်း​မာ​ရေး​ချို့​တဲ့​ပြီး​ စစ်မှုမထမ်း​နိုင်​တော့​တဲ့​ အရာရှိ​တွေကို​တော့​ နုတ်ထွက်ခွင့်​ပြုခဲ့​ပေမယ့်​ ကျန်အရာရှိ​တွေကို​တော့​ အသက် ၆၀ ​ကျော်အထိ တပ်မ​တော်ထဲမှာ အမှုထမ်း​ရပြီး​ အာဏာရှင်​တွေ မျက်မုန်း​ကျိုး​တဲ့​အခါမှ တပ်က​နေ ထုတ်ပစ်တာမျိုး​ လုပ်ခဲ့​ပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် လက်ထက်ကျမှ မြန်မာတပ်မ​တော်မှာ အသက် ၅၅ နှစ်​ကျော် အရာရှိ​တွေနဲ့​ အခြား​အဆင့်​ အကြပ်စစ်သည်​တွေကို တပ်မ​တော် စစ်စည်း​ကမ်း​နဲ့​အညီ လုပ်​ဆောင်​နေတယ်လို့​ ပြည်တွင်း​ပြည်ပက တပ်မ​တော်သား​ အရာရှိ​တွေက ​ပြောဆိုကြပါတယ်။ တကယ်​တော့​ မြန်မာ့​တပ်မ​တော်မှာ နဂိုမူလကတည်း​က တပ်မ​တော်က​နေပြီး​ နုတ်ထွက်ခွင့်​နဲ့​ ပတ်သက်ပြီး​ ဥပ​ဒေပြဋ္ဌာန်း​ပြီး​သား​ ရှိခဲ့​ပါတယ်။ အခြား​အဆင့်​ ရဲ​ဘော်က​နေ အရာခံဗိုလ်အထိက အသက် ၅၅ နှစ်အထိ သက်ပြည့်​ပင်စင် ယူနိုင်တယ်လို့​ ရှိခဲ့​ပါတယ်။ အရာရှိအဆင့်​ဆိုရင်​တော့​ ဗိုလ်ကြီး​ဆိုရင်လည်း​ အသက် ၅၅ နှစ်အထိကို သက်ပြည့်​ပင်စင်​ပေး​တာပါ။ ဗိုလ်ကြီး​အဆင့်​အထက် အရာရှိ​တွေ ဖြစ်တဲ့​ ဗိုလ်မှူး​က​နေ ဗိုလ်ချုပ်အထိက အသက် ၆၀ အထိ တပ်မ​တော်ဥပ​ဒေ (ကပ ၇၀/ ဂင ၆၆) ဆိုပြီး​ တပ်မ​တော်ဖွဲ့​စည်း​ပုံက ပြဋ္ဌာန်း​ပြီး​သား​ ရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အာဏာရှင်​ဟောင်း​ ဦး​နေဝင်း​လက်ထက်ကစလို့​ အင်း​အား​ပြုန်း​တီး​တာကို အ​ကြောင်း​ပြပြီး​တော့​ တပ်မ​တော်က​နေ ​ဆေး​ခွင့်​ကလွဲလို့​ ဘာထွက်ခွင့်​မှမ​ပေး​ဘဲ ထား​ခဲ့​တာပါ။ ​ဆေး​ခွင့်​နဲ့​ ကျန်း​မာ​ရေး​ ​ဆေး​အဆင့်​နိမ့်​လိုဖြစ်တဲ့​ တပ်မ​တော်သား​တွေကိုပဲ ထွက်ခွင့်​ပေး​တာနဲ့​ ပတ်သက်ပြီး​ တပ်မ​တော် အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က အခုလို သုံး​သပ်​ပြောဆိုပါတယ်။ “ဦး​နေဝင်း​ခေတ်​ပေါ့​။ တပ်မ​တော်မှာ အင်အား​ပြုန်း​တီး​မှု​တွေ များ​တယ်ဆိုပြီး​ ​ဆေး​ခွင့်​ကလွဲပြီး​ အ​ကောင်း​အ​နေနဲ့​ ထွက်လို့​မရဘူး​။ ​ဆေး​ကျလို့​ ထွက်ချင်ထွက် ရူး​လို့​ ထွက်ချင်ထွက်၊​ တပ်​ပြေး​ပေါ့​၊​ ​ထောင်ကျပြီး​မှ ထွက်ချင်ထွက်၊​ တပ်မ​တော်မှာ အဲဒီလိုထွက်တာပဲ ရှိခဲ့​တယ်။ တပ်ထဲမှာ ထွက်ခွင့်​မ​ပေး​ရဘူး​ဆိုတဲ့​ဟာက တရား​ဝင်.. ဥပ​ဒေအရ ထွက်ခွင့်​ပေး​ရ​သော်ငြား​လည်း​ ကျ​နော်တို့​ဆိုရင် အနည်း​ဆုံး​ တပ်မ​တော်မှာ ၁၀ နှစ် စစ်မှုထမ်း​ပါ့​မယ်ဆိုပြီး​ လက်မှတ်ထိုး​ရတယ်။ ကိုယ့်​သ​ဘောနဲ့​ ကိုယ် ထွက်ချင်တယ်ဆိုရင် ဥပ​ဒေအရဆိုရင် ထွက်လို့​ရတယ်။ အလား​တူ ရဲ​ဘော​တွေ အခြား​အဆင့်​တွေလည်း​ အဲဒီအတိုင်း​ပါပဲ။ ​နောက်ပိုင်း​ကျ​တော့​ လက်မှတ်ထိုး​တာလည်း​ မရှိ​တော့​ဘူး​။ အဲဒီ ဥပ​ဒေကလည်း​ ​မှေး​မှိန်ကုန်ပြီး​ ဘယ်​ရောက်လို့​ ​ရောက်မှန်း​မသိဘဲ ဘယ်သူ့​မှ မသိကြ​တော့​ဘူး​ အ​နေအထား​မျိုး​က​နေ တပ်မ​တော်ရဲ့​ နည်း​ဥပ​ဒေအတိုင်း​ ပြန်ပြီး​တော့​ အ​ကောင်အထည် ​ဖော်​ပေး​သလား​ဆိုတဲ့​ အ​နေအထား​ပေါ့​လေ အ​ကောင်း​မြင်တဲ့​ဘက်က​နေ တွက်တာပါ။” ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်​နေ့​ ​နောက်ပိုင်း​ အရပ်သား​အသွင်​ဆောင်တဲ့​ စစ်တပ်​ထောက်ခံတဲ့​ အစိုး​ရတတ်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ အရပ်ဘက်အုပ်ချုပ်​ရေး​နဲ့​ စစ်တပ်အုပ်ချုပ်​ရေး​ဆိုပြီး​တော့​ အုပ်ချုပ်​ရေး​နှစ်ပိုင်း​ ဖြစ်လာခဲ့​ပါတယ်။ တပ်မ​တော်အရာရှိ​ဟောင်း​တွေနဲ့​ စစ်တပ်​လေ့​လာသူ​တွေ အဆိုအရ စစ်တပ်က တိုင်း​ပြည်အာဏာ ချုပ်ကိုင်မှုက​နေ စွန့်​ခွာလာ​နေတာ​တွေကို ​တွေ့​ရပြီး​တော့​ တပ်မ​တော်က ဗိုလ်ချုပ်​ဟောင်း​တွေ ပါဝင်တဲ့​ အရပ်သား​အစိုး​ရကို လုပ်ပိုင်ခွင့်​တွေ ပိုပြီး​ပေး​လာတာ​တွေကို ​တွေ့​ရပါတယ်။ အဲဒီအတွက်လည်း​ စစ်တပ်အ​ခြေအ​နေက အရင်က​လောက် လိုအပ်ချင်မှ လိုအပ်​တော့​မှာ ဖြစ်တဲ့​အတွက် ပိုလာနိုင်တဲ့​ အရာရှိဦး​ရေကို အသက် ကန့်​သတ်ချက်နဲ့​ လုပ်ငန်း​တာဝန်က​နေ အနား​ပေး​တာလည်း​ ဖြစ်နိုင်တယ်လို့​ သုံး​သပ်ကြပါတယ်။ ထိုင်း​-မြန်မာနယ်စပ်က မြန်မာစစ်တပ်နဲ့​ ပတ်သက်ပြီး​ ​လေ့​လာ​နေတဲ့​ ကို​ကျော်ကိုကလည်း​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လုပ်​ဆောင်​နေတာ​တွေကို အခုလို ခန့်​မှန်း​သုံး​သပ်ထား​တာ ရှိပါတယ်။ “အရင် ကြား​ဖူး​သ​လောက်ဆိုရင် ဝန်ကြီး​ချုပ် ချွန်လိပိုင် လက်ထက် ထိုင်း​နိုင်ငံမှာ ကာကွယ်​ရေး​ အသုံး​စရိတ်​တွေ ​လျှော့​တဲ့​အခါမှာ အရာရှိ​တွေကို ရာထူး​တက်တာ​တွေ​နှေး​အောင် အရင်တုန်း​က ၄ နှစ်ဆိုရင် အခုဆိုရင် ၆ နှစ် ၇ နှစ် ဖြစ်သွား​နိုင်တယ်​ပေါ့​။ ထိပ်ပိုင်း​ရောက်သွား​ရင်လည်း​ အနား​ပေး​မှု​တွေက ပိုမြန်​အောင်​ပေါ့​။ စစ်တပ်ရဲ့​ ဘတ်ဂျက်​တွေ​လျှော့​တဲ့​ကာလ​တွေမှာ လုပ်ခဲ့​တဲ့​ အ​တွေ့​အကြုံ​တွေ ကြား​ဖူး​တာ ရှိတယ်။ အခု ၅၅ နှစ်ကလည်း​ ကျန်တဲ့​ အ​ကြောင်း​အချက်​တွေ အများ​ကြီး​ ဖြစ်နိုင်တယ်။ အဲဒီထဲကမှ ဖြစ်နိုင်​ခြေတခုက​တော့​ စစ်တပ်​ကျော​ထောက်​နောက်ခံပြုတဲ့​ အရပ်သား​ အစိုး​ရကို အုပ်ချုပ်​ရေး​အာဏာဆိုတဲ့​ လမ်း​ကြောင်း​အောက်မှာ သွား​မယ်။ သူတို့​ဘက်ကကျ​တော့​ ကာကွယ်​ရေး​ ကိစ္စအတွက် သွား​မယ်ဆိုတဲ့​ စည်း​တခုကို သွား​ဖို့​အတွက် စစ်တပ်အ​နေနဲ့​ အကူး​အ​ပြောင်း​တခုကို လုပ်​နေတယ်။ အဲဒီအတွက် အသက် ၅၅ နှစ်မှာ အနား​ယူခြင်း​ကို ​လျှောက်နိုင်တယ်။ စသဖြင့်​ပေါ့​ ဒါမျိုး​တွေလည်း​ ​ပေါ်ထွက်လာတာ​ပေါ့​။ ဒီလိုမျိုး​တော့​ ခန့်​မှန်း​ကြည့်​နိုင်တယ် ထင်ပါတယ်။” ဗိုလ်ချုပ်ကြီး​မင်း​ ​အောင်လှိုင်က အသက် ၅၅ နှစ်ပြည့်​ တပ်မ​တော်သား​တွေကို တပ်ကထွက်ခွင့်​ တင်နိုင်တယ်ဆိုတာကို အ​ကောင်း​မြင်ကြတာ​တွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်ကို သန့်​ရှင်း​အောင် လုပ်ဖို့​အတွက် စစ်တပ်ရဲ့​ စစ်စည်း​ကမ်း​ကို အရင်ဦး​ဆုံး​ ကိုင်တွယ်​နေတာ ဖြစ်နိုင်တယ်လို့​လည်း​ ဗိုလ်မှူး​ ​အောင်လင်း​ထွဋ်က အခုလို သုံး​သပ်ပါတယ်။ “တပ်​တွေက မတရား​ကို တိုး​ချဲ့​ထား​တာဗျ။ ဒါ​တွေက အကုန်လုံး​သိပါတယ်။ တပ်ရင်း​တရင်း​ကို ကျ​နော်တို့​ခေတ်တုန်း​က လူ ၇၀၀ ​လောက် ရှိတဲ့​ တပ်ရင်း​က အခုက လူ ၂၀၀ ပတ်ဝန်း​ကျင်​လောက်ပဲ ရှိတယ်။ သုံး​ပုံနှစ်ပုံ​လောက်​တောင် မရှိ​တော့​ဘူး​။ တဝက်​အောက်ကို ကျသွား​တဲ့​ အ​နေအထား​ရှိ​တော့​ အနည်း​ဆုံး​ ပြန်ပြီး​တော့​ အ​ခြေအ​နေအရ တပ်ရဲ့​အသုံး​စရိတ်က အရမ်း​များ​နေ​တော့​ တပ်ကို ချုံ့​လိုက်တဲ့​သ​ဘော၊​ ဝိတ်​လျော့​တဲ့​အ​နေအထား​မျိုး​ လုပ်​ကောင်း​လည်း​ လုပ်နိုင်တယ်။ ထွက်ခိုင်း​တဲ့​ဟာကလည်း​ မ​နေချင်တဲ့​သူ ထွက်ဆိုတဲ့​ သ​ဘောမျိုး​ကို။ ဒါမှ သန့်​သွာမယ်ဗျာ။ တခု​တော့​ ရှိတယ်။ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ​ခြေလှမ်း​က​တော့​ တပ်ကို​တော့​ စည်း​ကမ်း​ပိုင်း​မှာ စကိုင်လိမ့်​လို့​ ကျ​နော်ထင်တယ်။ ရှင်း​စရာ ရှိတာ ရှင်း​ပြီး​ရင် သူ ကိုင်လိမ့်​မယ် ထင်တာပဲ။” တပ်မ​တော်သား​တွေဟာ တာဝန်က​နေ နုတ်ထွက်ခွင့်​ကို အခြား​ဝန်ထမ်း​တွေလိုမျိုး​ သက်ပြည့်​နဲ့​ လုပ်သက်ပြည့်​ အခွင့်​အ​ရေး​တွေ ပြန်ရ​တော့​မှာလား​လို့​လည်း​ သုံး​သပ်ကြပါတယ်။ အရင်က စစ်တပ်ဟာ သူ့​ဝန်ထမ်း​တွေကို ပြန်​ပေး​ဆွဲသလိုမျိုး​ အသက်ပြည့်​ပြီး​ လုပ်သက်ပြည့်​မီပြီး​တာ​တောင်မှပဲ စစ်တပ်က​နေ ထွက်ခွင့်​မရခဲ့​တာ​တွေ ရှိခဲ့​ပါတယ်။ စစ်တပ်ထဲမှာလည်း​ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ရာထူး​မတက်တဲ့​သူ​တွေ ရှိသလို ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့​ အခြား​ဘာသာဝင်​တွေဟာ တပ်မ​တော်ထဲမှာ ရာထူး​မတက်၊​ ထွက်ခွင့်​မရဘဲ ရှိ​နေပါတယ်။ လူမျိုး​ရေး​အရလည်း​ မြန်မာမဟုတ်တဲ့​ အခြား​ တိုင်း​ရင်း​သား​တွေကိုလည်း​ မြန်မာတပ်မ​တော်ထဲမှာ ထိပ်ပိုင်း​အဆင့်​အထိ မ​ရောက်ဘဲ၊​ ထွက်ခွင့်​လည်း​မရ ဖြစ်​နေကြတာပါ။ အဲဒီလို ဘာသာ​ရေး​အတွက် ​သော်လည်း​ကောင်း​၊​ လူမျိုး​ရေး​အတွက် ​သော်လည်း​ကောင်း​ တပ်မ​တော်ထဲမှာ ရာထူး​မတက်၊​ ထွက်ခွင့်​မရခဲ့​တဲ့​သူ​တွေဟာ အများ​ကြီး​ နစ်နာ​နေကြပါတယ်။ အခုလို ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်က​နေ တပ်မ​တော်စည်း​ကမ်း​နဲ့​အညီ နုတ်ထွက်ခွင့်​ပြုမယ် ဆိုတာဟာ တပ်မ​တော်အတွက် ​ကောင်း​လာနိုင်တယ်လို့​လည်း​ ဗိုလ်မှူး​စိုင်း​သိန်း​ဝင်း​က အခုလို ​ပြောဆို သုံး​သပ်ပါတယ်။ “အနား​ယူသင့်​တဲ့​သူက မယူဘူး​။ မယူသင့်​တဲ့​လူကိုလည်း​ လဲ​စေချင်ရင် စွတ်အတင်း​ ယူခိုင်း​။ အဲလိုမျိုး​ ကျွန်း​မှီး​ကိုင်း​မှီ ဖြစ်​နေတာမျိုး​မြင်ရတယ်။ အခုဟာက ပိုပြီး​တော့​ အရင်ကထက်စာရင် ​ကောင်း​လာတဲ့​အ​နေအထား​မျိုး​ ရှိလာတယ်လို့​ ​ပြောရမှာ​ပေါ့​။ အသက် ၅၅ နှစ်ပြည့်​ရင် ထွက်ခွင့်​ မရတဲ့​သူ​တွေအတွက်။ ရဲ​ဘော်​တွေအတွက်​တော့​ ​ကောင်း​တဲ့​အ​ခြေအ​နေ ဖြစ်လာနိုင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024