Home
မြန်မာသတင်း
ပျဉ်းမနား ငါးလိုက်ချောင်းအတွင်း အမျိုးသမီးအလောင်းတွေ့ရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 29, 2016
နေပြည်တော် ပျဉ်းမနားမြို့ ၆ လမ်းတံတား ငါးလိုက်ချောင်းအတွင်းမှာ အမျိုးသမီး အလောင်းတွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပြီး အမျိုးသမီးမှာ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာနေ မယမင်းထွန်း အသက် ၂၆ ဖြစ်ပါတယ်။ "အလုပ်ကအပြန် မြစ်ချောင်းကို ဖြတ်ကူးရင်းနဲ့ ရေထဲမျှောပါသွားတာ။ ၂၅ ရက်နေ့ ညနေ ၄ နာရီက ရေထဲမျောပါသွားခဲ့တာ အခုမှဒီမှာလာတွေ့တာပါ။ သေမှုသေခင်းနဲ့ အမှုဖွင့်မှာပါ"လို့ ပျဉ်းမနားမြို့မရဲစခန်းက စခန်းမှူး ဦးတင်ဌေး က ပြောပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ပိုးစာတောကျေးရွာကနေ ၃ ဖာလုံခန့်အကွာမှာရှိတဲ့ တံခွန်တိုင်ချောင်းကို တရွာတည်းနေ အဖော်များနဲ့ ဖြတ်ကူးစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျနေများလာတဲ့အတွက် ရေထဲမျောပါခဲ့တာဖြစ်ပါတယ်။ ရေထဲမျောပါခဲ့တာကြောင့် မိသားစုတွေ၊ ရပ်မိရပ်ဖတွေနဲ့ နယ်မြေရဲဝန်ထမ်းတွေ လိုက်လံရှာဖွေ ခဲ့ပေမယ့် မတွေ့ရှိခဲ့ဘဲ စက်တင်ဘာ ၂၉ ရက်နေ့မှ ခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024