အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၊ ကမ္ဘာလှည့်ခရီးသည်များကို အရေးပေါ်ကယ်ဆယ် (ရုပ်သံ)

1.6K
အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်းက လွန်းဘုခ် (Lombok) ကျွန်းမှာ မီးတောင်ပေါက်ကွဲနေလို့ မီးတောင်တကြောမှာ အပန်းဖြေခရီးထွက်နေကြတဲ့ ကမ္ဘာလှည့်ခရီးသည် ၁၀၀၀ ကျော်ကို အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။
လွန်းဘုခ်ကျွန်းဟာ ဘာလီကျွန်းနဲ့နီးကပ်ပြီး ဒီမီးတောင်တည်ရှိတဲ့ အမျိုးသားဥယျာဉ်ဒေသဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ် အများဆုံးဒေသတခု ဖြစ်ပါတယ်။
မီးတောင်တကြော လှည့်လည်နေကြတဲ့ ခရီးသည်တွေ ရာနဲ့ချီပြီး ဆက်သွယ်လို့မရ ဖြစ်နေလို့ ရှာဖွေကယ်ဆယ်ရေးတွေ စတင်ဆောင်ရွက်နေပြီလို့ အင်ဒို အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ လူထိခိုက်မှု အခြေအနေ မသိရသေးပါဘူး။
မီးတောင်ပြာတွေ အမြင့်ပေ ၆၅၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး လွန်းဘုခ်ကျွန်း နိုင်ငံတကာလေဆိပ်နဲ့ ဘာလီကျွန်း နိုင်ငံတကာလေဆိပ်တွေမှာ လေယာဉ်ခရီးစဉ်တွေ ယာယီရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒီ ဘာရူဂျာမီးတောင်ဟာ အမြင့်ပေ ၁၂၀၀၀ ကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မီးတောင်ရှင်အလုံး ၁၃၀ ထဲက ၁ လုံး ဖြစ်ပါတယ်။