ရင်သားပေါ် စိန်တုံးပုံဆေးခြယ် အရောင်းမြှင့်တင်သည့် အမျိုးသမီး ဝေဖန်ခံရ (ရုပ်သံ)

1.9K
ဟောင်ဟောင် ဈေးဝယ်စင်တာတခုမှာ အမျိုးသမီးတဦးဟာ အပေါ်ပိုင်း ဗလာကျင်း အနေအထားနဲ့ ရင်သား ၂ ဘက်ပေါ်မှာ စိန်တုံးပုံသဏ္ဌာန် ဆေးခြယ်ပြီး သရုပ်ပြခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ဒါဟာ ကျောက်မျက်ရတနာ အရောင်းမြှင့်တင်ရေးအတွက် လာရောက်လည်ပတ်ကြတဲ့ ဈေးဝယ်တွေကို ဆွဲဆောင်နိုင်စေဖို့ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
ဒါပေမယ့် ကြည့်ရှုသူတွေက ဒါဟာ မုန်းတီးစက်ဆုပ်စရာကောင်းပြီး မသတီစရာ ကောင်းတယ်လို့ ဝေဖန်ခဲ့ကြတာပါ။
အဲဒီအမျိုးသမီးဟာ ကျောက်မျက်ရတနာဆိုင်မှ ၀န်ထမ်းတဦးဖြစ်ပြီး အရောင်းကောင်တာရဲ့ နောက်မှာ ခုလိုအနေအထားနဲ့ ရပ်နေခဲ့တာပါ။
ရုပ်သံကင်မရာထဲမှာတော့ အမျိုးသမီးရဲ့ ရင်သားနှစ်ဘက်မှာ စိန်တုံးပုံသဏ္ဌာန် ဆေးရေးခြယ်ထားခဲ့တာကို ရိုက်ပြထားခဲ့ပြီး တဘက်က အပြာရောင်နဲ့ နောက်တဘက်မှာတော့ အနီရောင် ဆေးခြယ်ထားခဲ့တာပါ။
အမျိုးသမီးဘက်ကို ကင်မရာကချိန်ပြီး ရိုက်ယူနေခဲ့ချိန်မှာ သူဟာ ရှက်ကိုးရှက်ကန်း အမူအရာနဲ့ ကောင်တာနောက်မှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။
ဈေးဝယ်သူတွေဟာ အဆိုပါအမျိုးသမီးရှိတဲ့နေရာအနီးမှာ ဖြတ်သန်းသွားလာပြီး အရောင်းဗီရိုတွေထဲက ကျောက်မျက်ရတနာတွေကို ကြည့်ရှုနေကြတာ တွေ့ရပါတယ်။
တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ အက်ပဲလ်ဒေးလီးသတင်းရဲ့ အဆိုအရ ဟောင်ကောင်မှ စတိုးဆိုင်တဆိုင်ဟာလည်း ခုလိုပဲ ၀စ်လစ်စလစ်အနေအထားနဲ့ ၀ယ်သူတွေကို ဆွဲဆောင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ရှန့်ဇန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလက စတိုးဆိုင်တခုမှာ အပေါ်ပိုင်းဗလာကျင်းမော်ဒယ်တွေ အသုံးပြု ဖွင့်လှစ်ခဲ့ပြီးနောက် ဒါဟာ နောက်တကြိမ် အသုံးပြုလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။