Home
ရုပျသံ
ကြေညာချက်အတုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သွားမယ်ဟု ဦးဝင်းထိန်ပြော (ရုပ်သံ)
DVB
·
September 28, 2016
ဦးဝင်းထိန် ကျန်းမာရေးအခြေအနေ ယိုယွင်းတဲ့အတွက် အနားယူခွင့် ပြုလိုက်တယ်ဆိုတဲ့ ကြေညာချက်အတုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဦးဝင်းထိန်က ပြောလိုက်ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံ့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို ကျန်းမားရေးအခြေအနေ ယိုယွင်းနေပါ သဖြင့် လုပ်ငန်းတာဝန်အသီးသီးမှ အနားယူခွင့်ပြုလိုက်တဲ့ဆိုတဲ့စာရွက်နဲ့ ပတ်သတ်ပြီး အဖွဲ့ချုပ်ရုံးတံဆိပ်ကို အတုပြုလုပ်ပြီး ဖြန့်ဝေခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးထိပ်တန်းပုဂ္ဂိုလ် စုံစမ်းဖော်ထုတ်ဖို့ပြောဆိုထားတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် တောင်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်တဲ့ကိစ္စကို ပြီးခဲ့တဲ့ လဆန်းပိုင်းကပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြပြီး ကန့်ကွက်သူမရှိ အတည်ပြုပြီးဖြစ်တဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်တဲ့ကိစ္စ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီအလုပ်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းပြောဆိုတာနဲ့ ပတ်သတ်ပြီး စုံစမ်းဖော်ထုတ်ခွင့် မရှိဘူးလို့ ဦးဝင်းထိန်က ဆက်ပြောပါတယ်။ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိနေပြီး ပါတီတွင်းမှာ ပြည်လည်မှုရရှိအောင်လည်း ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024