ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရမ့်တို့၏ စကားစစ်ထိုးပွဲ ရုပ်သံကြည့်ရှုသူ စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲဟာ ရုပ်သံကကြည့်ရှုသူ ၈၄ သန်းနဲ့ ကြည့်ရှုသူအများဆုံး စကားစစ်ထိုးပွဲအဖြစ် စံချိန်တင်သွားပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်၊ ၁၉၈၀ ခုနှစ်က သမ္မတ ဂျင်မီကာတာနဲ့ သမ္မတလောင်း ရော်နယ်ရေဂင်တို့ရဲ့ စကားစစ်ထိုးပွဲဟာ တီဗွီက ကြည့်ရှုသူ သန်း ၈၀ ကျော်နဲ့ စံချိန်တင်ခဲ့တာပါ။ ဒီကြည့်ရှုသူဦးရေဟာ အမေရိကန်ရုပ်သံလိုင်း ၁၃ လိုင်းက မှတ်တမ်းကိုပဲ ယူတာဖြစ်လို့ တခြားရုပ်သံလိုင်းတွေ၊ အင်တာနက်က ကြည့်ရှုသူတွေနဲ့ပါဆိုရင် ဒီထက်မက များပြားမယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ အမေရိကန်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲကတော့ တီဗွီက ကြည့်ရှုသူ စံချိန်တင် အများဆုံးဖြစ်ခဲ့ပြီး ကြည့်ရှုသူ ၁၁၄ သန်းကျော်ခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် အခုလို သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲ ၂ ကြိမ်လုပ်ဖို့ ကျန်နေသေးပြီး အောက်တိုဘာ ၉ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up