သကြားများ တင်ဆောင်လာသည့် ၂၂ ဘီးယာဉ်တိမ်းမှောက်
DVB
·
September 28, 2016
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၇/၇ အနီးတွင် စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်က သကြားတင်ဆောင်လာတဲ့ ၂၂ ဘီးယာဉ်တိမ်းမှောက်ခဲ့ပါတယ်။
ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ယာဉ်အမှတ် 3H4168 စိမ်း/ဝါရောင် ၂၂ ဘီးယာဉ်ဟာ သကြားတွေ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ရေမြောင်းထဲကို ထိုးဆင်းတိမ်းမှောက်သွားခဲ့တာလို့ ရဲအုပ်စန်းလွင် က ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပါဘူး။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းကို (အများပြည်သူသွားလာရာလမ်းမပေါ်တွင် ယာဉ် မဆင်မချင် မောင်းနှင်ခြင်း) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် ညောင်လေးပင် မြို့မရဲစခန်းက အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်