ဘေဆယ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင် မပါဝင်

ဓာတ်ပုံ - ရိုက်တာ
ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ကစားမယ့် ချန်ပီယံလိဂ် ဒုတိယပွဲစဉ်မှာ အာဆင်နယ်အသင်းက ကွင်းလယ်မှာ အားထားရတဲ့ ဖရန်စစ် ကိုကွီလင် မပါဘဲနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား ကိုကွီလင်ဟာ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ သူ့ရဲ့ဒဏ်ရာအခြေအနေ မဆိုးတဲ့အတွက် သိပ်မကြာခင်မှာ ပြန်ကစားနိုင်မှာပါလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ ဘေဆယ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီရူးလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ပီအက်စ်ဂျီနဲ့ သရေကျထားလို့ ၁ မှတ် ရထားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ဟာ ၁၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up