Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများ ငလျင်အန္တရာယ်ရှိဟု သတိပေး
DVB
·
September 27, 2016
စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်ရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် မြို့ကြီးတချို့မှာ အင်အားပြင်းငလျင်လှုပ်ခဲ့ရင် ဘေးအန္တရာယ် ကြီးကြီးမားမား ကျရောက်နိုင်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးလိုက်ပါတယ်။ ကော်မတီရဲ့ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့လထဲ လှုပ်ခဲ့တဲ့ ချောက်ငလျင်ဟာ အထက်အောက် လှုပ်ရှားမှုများလို့ ဘုရားတွေပြိုကျခဲ့တာ နည်းခဲ့တယ်၊ စစ်ကိုင်းပြတ်ရွေ့ဟာ ဘေးတိုက်ပြတ်ရွေ့ဖြစ်လို့ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်ပြီး ပျက်စီးဆုံးရှုံးမှု ပိုများမယ်လို့ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံရဲ့ အဓိကပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ဘေးတိုက်ပြတ်ရွေ့ဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်ရှားမှု ပိုများပြီး ထိခိုက်ပျက်စီးမှုလည်း ပိုများမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်ရှိ မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးတို့မှာ အင်အားပြင်းငလျင်လှုပ်ခဲ့ရင် ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့ဟာလည်း စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဘက် ကီလိုမီတာ ၃၅ အကွာမှာ တည်ရှိတာကြောင့် စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်လှုပ်ရင် အလားတူ ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်တယ်လို့ ငလျင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲ့ဒီမြို့ကြီးတွေမှာ နေထိုင်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့နဲ့  ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် စီမံချက်နဲ့ ကြိုတင်ပြင်ဆင်ဖို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အကြံပြုထားပါတယ်။ ဘယ်နေ့ဘယ်အချိန် ငလျင်လှုပ်မယ်ဆိုတာကို ခန့်မှန်း မပြောနိုင်သေးပေမယ့် ငလျင်လှုပ်နိုင်ခြေ ရှိတာကိုတော့ ခန့်မှန်းပြောဆိုလို့ ရနေပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မြေငလျင်တွေဟာ တနှစ်ကို အကြိမ်ပေါင်း ၁ ဒသမ ၃ သန်းခန့် လှုပ်ခတ်လျက်ရှိပြီး ၁၈ ခုလောက်ဟာ အဖျက်စွမ်းအားကြီးတဲ့ ငလျင်တွေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024