Home
မေးမြန်းခန်း
ကျ​နော်တို့​အဖွဲ့​ဟာ အစိုး​ရလက်​အောက်ခံအဖွဲ့​မဟုတ်ပါဘူး
အေးနိုင်
·
October 26, 2011
အလုပ်သမား​အဖွဲ့​အစည်း​တွေ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ကို ခွင့်​ပြုတဲ့​ ဥပ​ဒေသစ်တရပ်ကို သမ္မတ ဦး​သိန်း​စိန် မကြာခင်က လက်မှတ်ထိုး​ အတည်ပြုပြီး​နောက် ​တောင်သူလယ်သမား​များ​ အဖွဲ့​တဖွဲ့​ မ​နေ့​က မှတ်ပုံတင်ခွင့်​ ​လျှောက်ထား​လိုက်ပါတယ်။ လျှောက်လွှာကို အမြန်​ချောပို့​စနစ်နဲ့​ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနကို ​ပေး​ပို့​လိုက်ပြီလို့​ ဆိုပါတယ်။ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​တောင်သူလယ်သမား​နဲ့​ စိုက်ပျိုး​ရေး​ အလုပ်သမား​များ​အဖွဲ့​ကို တည်​ထောင်သူ တဦး​ဖြစ်တဲ့​ ဦး​သန်း​ဆွေက သူတို့​ အဖွဲ့​အ​နေနဲ့​ ​တောင်သူ လယ်သမား​တွေရဲ့​ အကျိုး​စီး​ပွား​တွေကို ကာကွယ်​စောင့်​ရှောက်ပြီး​ ​တောင်သူလယ်သမား​တွေရဲ့​ လူ​နေမှုဘဝ တိုး​တက်​အောင် ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။ ဦး​သန်း​ဆွေနှင့်​ ဆက်သွယ်​မေး​မြန်း​ချက်။ ဦး​သန်း​ဆွေတို့​ရဲ့​ ဒီအဖွဲ့​မှာ လယ်သမား​တွေကြီး​ပဲ ဦး​ဆောင်တာလား​။ ဒါမှမဟုတ် ​ခေတ်ပညာတတ်​တွေ ဦး​ဆောင်တာလား​။ ဘယ်လိုပုဂ္ဂိုလ်​တွေ ပါဝင်ပါသလဲ။ “​လော​လောဆယ် ကျ​နော်က ​စော​စောက စာ​ခြောက်အင်အား​စုကို ​ခေါင်း​ဆောင်တယ်။ ​နောက်ပိုင်း​မှာ လယ်သမား​ကွန်ရက်ကို ထူ​ထောင်တယ်။ အဲဒီအခါကျ​တော့​ တိုင်း​နဲ့​ပြည်နယ် အနှံ့​အပြား​က​နေ ကျ​နော်နဲ့​ ဆက်သွယ်တဲ့​သူ​တွေ များ​လာတယ်။ အဲဒီအထဲမှာ ပညာတတ်​တွေရှိသလို ပညာ​တော့​မတတ်ဘူး​၊​ စိတ်သန်တဲ့​သူ​တွေရှိတယ်။ အဲဒီလိုလူ​တွေထဲမှာ ​လော​လောဆယ်က စနစ်တကျ မလုပ်နိုင်​သေး​တော့​ ဆက်သွယ်​ရေး​အရာရှိချုပ်ကလည်း​ မခန့်​နိုင်​သေး​တဲ့​အခါမှာ အစပျိုး​လေး​ လုပ်ဖို့​အတွက်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့​တိုင်း​တွေမှာ အဲဒါ​လေး​ကို လုပ်နိုင်​ရေး​အတွက် အခုမှတ်ပုံတင် ​လျှောက်ထား​တာကို စလိုက်တာပါ။” လွန်ခဲ့​တဲ့​ ၂၃ နှစ်​ကျော်တုန်း​က ​တောင်သူလယ်သမား​ အစည်း​အရုံး​ဆိုပြီး​တော့​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီလက်ထက်တုန်း​က ​ဆောင်ရွက်ခဲ့​တာ ကျယ်ကျယ်ပြန့်​ပြန့်​ ​တွေ့​ရတယ်။ အဲဒီ​တောင်သူလယ်သမား​ အစည်း​အရုံး​နဲ့​ ဦး​သန်း​ဆွေတို့​ အဖွဲ့​အစည်း​နဲ့​က ဘယ်လို​နေရာ​တွေမှာ တူပြီး​တော့​ ဘယ်လို​နေရာ​တွေမှာ ကွဲပြား​လဲဆိုတာ နည်း​နည်း​ရှင်း​ပြပါ။ “ကျ​နော်တို့​ အရင်တုန်း​က မဆလ ​ခေတ်က ​တောင်သူလယ်သမား​ အစည်း​အရုံး​က အစိုး​ရလက်​အောက်က၊​ ​နောက်တခါ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီ လက်​အောက်က၊​ အခုကျ​နော်တို့​အဖွဲ့​က အစိုး​ရရဲ့​ လက်​အောက်က မဟုတ်ပါဘူး​။ နိုင်ငံ​တော်အစိုး​ရနဲ့​ ညှိနှိုင်း​ဆောင်ရွက်မယ့်​ အဖွဲ့​ဖြစ်ပါတယ်။ နိုင်ငံ​တော် အစိုး​ရခိုင်း​တာကို လုပ်မယ့်​အဖွဲ့​မဟုတ်ပါဘူး​။ ​နောက် ကျ​နော်တို့​မှာ တခြား​ပါတီရဲ့​ ဩဇာခံလည်း​ မဟုတ်ပါဘူး​။ ကျ​နော်တို့​ လွတ်လပ်တဲ့​အဖွဲ့​အစည်း​ဖြစ်​နေပါတယ်။ အဲဒီလွတ်လပ်တဲ့​ အဖွဲ့​အစည်း​ဖြစ်​နေတဲ့​အတွက် ကျ​နော်တို့​ရဲ့​ လုပ်​ဆောင်ချက်​တွေကလည်း​ အရည်အ​သွေး​ရှိတဲ့​လုပ်​ဆောင်ချက်​တွေ ဖြစ်လာမယ်ဆိုတာ တထစ်ချ တွက်ထား​ပြီး​ဖြစ်ပါတယ်။ ​ပေါ်လည်း​ပေါ်​ပေါက်​နေပါပြီ။” လယ်သမား​တွေရဲ့​ အသံကို လွှတ်​တော်ကိုယ်စား​လှယ်မဟုတ်​ပေမယ့်​ လွှတ်​တော်ထဲကို ဆုံး​ဖြတ်ချက်ချတဲ့​လူ​တွေဆီ​ရောက်​အောင် ဘယ်လိုလမ်း​ကြောင်း​ဖောက်မယ်ဆိုတာကိုလည်း​ ​ဖြေ​ပေး​ပါလား​။ “ပြည်သူ့​လွှတ်​တော်ကို ​ရောက်ဖို့​အတွက်က ကျ​နော်တို့​ရဲ့​ လှုပ်ရှား​မှုနဲ့​ပတ်သက်ပြီး​တော့​ အဲဒီကြား​ထဲမှာ တခုဖြစ်တဲ့​ ​ဖြေရှင်း​မှုတခုဆိုပါစို့​။ ပြဿနာတခု ​ဖြေရှင်း​ဖို့​၊​ အစိုး​ရက ကျ​နော်တို့​နဲ့​ တရား​ဝင်ညှိနှိုင်း​ပူး​ပေါင်း​ဆောင်ရွက်တာ​တွေ ရှိလာပါလိမ့်​မယ်။.အဲဒီကျ​တော့​ အဲဒီလို ပြဿနာ​တွေ ဘာ​ကြောင့်​ဖြစ်တယ်။ အဲဒီလိုပြဿနာ​တွေ အ​ပေါ်မှာ ဘယ်လိုဥပ​ဒေအသစ်မျိုး​တွေ ထပ်ပြဋ္ဌာန်း​ဖို့​လိုအပ်တယ်ဆိုတာကို နိုင်ငံ​တော်သမ္မတကြီး​ သိ​အောင်​သော်လည်း​ကောင်း​။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ သိ​အောင်​သော်လည်း​ကောင်း​ ပထမ ရှင်း​ပြမယ်။ ပြီး​တော့​ အဲဒီဟာ​တွေကို သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ လွှတ်​တော်မှာ တင်ပြပြီး​တော့​ ဥပ​ဒေပြဋ္ဌာန်း​တဲ့​ အ​ခြေထိ​အောင် ကျ​နော်တို့​ စည်း​ရုံး​မယ်၊​ ပူး​ပေါင်း​ဆောင်ရွက်မယ်၊​ အဲဒီအလုပ်​တွေလုပ်မယ်ဆိုရင် ဖြစ်လာမှာပါ။” မြန်မာနိုင်ငံနဲ့​ အရင်တုန်း​က အ​ရှေ့​တောင်အာရှ စပါး​ကျီက အခု​တော့​ ​နောက်တမ်း​ရောက်တယ်​ပေါ့​။ အခုထိုင်း​တို့​ ဗီယက်နမ်တို့​မှာ သူတို့​က ကမ္ဘာ့​အဆင့်​ ၂ ​ပေါ့​။ ဆန်စပါး​ထွက်ကုန် ပစ္စည်း​နဲ့​ပတ်သက်လို့​ ထိပ်တန်း​ရောက်​နေတယ်။ အဲ​တော့​ ဦး​သန်း​ဆွေတို့​မှာ နယ်ပယ်အနှံ့​က ​တောင်သူလယ်သမား​တွေနဲ့​ ရင်း​နှီး​တယ်။ စကား​အများ​ကြီး​ ​ပြောခဲ့​တယ်ဆို​တော့​ သူတို့​က တကယ်လို့​လွတ်လပ်ခွင့်​ ရမယ်ဆိုရင် တွန်း​လုပ်မယ့်​ပုံစံမျိုး​ရှိတယ်။ အဲဒီ​တော့​ မြန်မာနိုင်ငံက အဲဒီ​လောက် ချက်ချင်း​မမီနိုင်​တောင် ​ရေရှည် ပြည်ပတင်ပို့​ကုန်နဲ့​ ပတ်သက်လို့​ ဘယ်လိုများ​ စဉ်း​စား​ထား​တာရှိလဲ။ “ဟို​နေ့​က ဗီယက်နမ်မှာ ဆန်ပြိုင်ပွဲမှာ ပထမရတာ မြန်မာဆန်​လေ။ မြန်မာပြည်က ​ရေခံ​မြေခံဟာ ခုန​ပြောတဲ့​ ဗီယက်နမ်တို့​ ထိုင်း​တို့​၊​ က​မ္ဘောဒီး​ယား​တို့​ စတဲ့​အဲဒီနိုင်ငံ​တွေထက် ​ရေခံ​မြေခံဟာ မညံ့​ဘူး​။ သာတယ်ဆိုတာ ​ပေါ်​နေတယ်။ အဲဒီဆန်ပြိုင်ပွဲမှာနိုင်ခဲ့​တယ်။ အဲ​တော့​ ကျ​နော်တို့​ စပါး​အထွက်တိုး​ဖို့​ကိစ္စ၊​ ပဲအထွက်တိုး​ဖို့​ကိစ္စ၊​ စသဖြင့်​ ရာဘာအထွက်တိုး​ဖို့​ကိစ္စ သူက အ​ရေး​ကြီး​တာက တစ်အချက်က နည်း​ပညာ၊​ နှစ်အချက်က အရင်း​အနှီး​၊​ ဒီ ၂ ခုပဲ။ အဲဒီအရင်း​အနှီး​နဲ့​ နည်း​ပညာ​တွေ ဘယ်လိုစီး​ဝင်​အောင် ဘာလုပ်မလဲ။ ဒီပြဿနာကို ကျ​နော်တို့​အဖွဲ့​က အ​ဖြေရှာမှာပါ။ အဲဒီလို အ​ဖြေရှာပြီး​တော့​ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ ကမ္ဘာ့​အရပ်ရပ်က အလုပ်သမား​အဖွဲ့​အစည်း​တွေနဲ့​ ကျ​နော်တို့​ လွတ်လပ်စွာ ပူး​ပေါင်း​ဆောင်ရွက်တဲ့​အခါမှာ အကူအညီ​တွေ ကျ​နော်တို့​ ရလာမှာပါ။ ကျ​နော်တို့​ နည်း​ပညာ​တွေကို သူတို့​လို​ခေတ်မီလာ​အောင် သူတို့​ဘက်က နည်း​ပညာ​တွေ ကျ​နော်တို့​ ရယူပါမယ်။ ​နောက်တခါ အရင်း​အနှီး​ကို ဘယ်လိုကုစား​မလဲဆိုတဲ့​ ကိစ္စမှာ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ အရင်း​အနှီး​ရ​အောင် ဘယ်လိုလုပ်သင့်​တယ်။ ပြည်ပနိုင်ငံ​တွေကလည်း​ ကျ​နော်တို့​ကို ဘယ်လို​တော့​ကူညီပါ။ အရင်း​အနှီး​တွေနဲ့​ ပတ်သက်လို့​ ဖြစ်​အောင် ပြဿနာအ​ပေါ်မှာ တတ်နိုင်သ​လောက် အ​ဖြေရှာပြီး​တော့​လုပ်ဖို့​ ရည်ရွယ်ထား​ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024