တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုန်အန်းကို လုပ်ကြံရန် အစီစဉ်ရှိ

မြောက်ကိုရီးယားက နျူးကလီယားလက်နက်နဲ့ ခြိမ်းခြောက်လာမယ်ဆိုရင် တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အန်းကို လုပ်ကြံဖို့ သူတို့မှာ ထိပ်တန်းတပ်တွေ အဆင်သင့်ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးက ဒီအပတ်ထဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့က တောင်ကိုရီးယားပါလီမာန်မှာ မေးခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုန်အန်းကို ရှင်းပစ်လိုက်ဖို့ တောင်ကိုရီးယားမှာ အထူးတပ်တွေ အဆင်သင့် ရှိသလားဆိုတဲ့ မေးခွန်းအပေါ် ဟန်မင်ကူးက “ရှိပါတယ် ကျနော်တို့မှာ ဒီလိုအစီအစဉ်မျိုးတွေ ရှိပါတယ်” လို့ ဖြေကြားခဲ့တာပါ။ “ရန်သူရဲ့ခေါင်းဆောင်မှုအပိုင်းနဲ့ ရန်သူရဲ့လုပ်ဆောင်မှုအဓိကနယ်မြေတွေကို ပစ်မှတ်ထားပြီး အတိအကျပစ်တဲ့ ဒုံးကျည်တွေသုံးဖို့ အစီအစဉ်နဲ့ ယေဘူယျစိတ်ကူး ကိုရီးယားမှာ ရှိတယ်” လို့ ကာကွယ်ရေးဝန်ကြီးက ထပ်ဖြည့်ပြောခဲ့တာပါ။ ဒီလိုစိတ်ကူးရှိမယ်ဆိုတာက သံသယဖြစ်စရာပေမယ့် ဒီလိုကာကွယ်ရေးဝန်ကြီးက ဖြေကြားခဲ့တာ ကတော့ အံအားသင့်စရာပါ။ “သမ္မတမှာ ဒီလိုစိတ်ကူးမျိုးရှိနိုင်ပါတယ်” လို့ ထရိုင်းတက္ကသိုလ်က ဒန်နီရယ်လ်ပင့်က်စတန်က ပြောခဲ့ပါတယ်။ သမ္မတကို တင်ပြထားခြင်းမရှိ တကယ်လည်းလုပ်နိုင်အောင် စီမံသင်တန်းပေး ထားတာလည်း မရှိရင်တော့ ဒါဟာ အမှားတခု ဖြစ်သွားမှာပါ။” မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက နျူးကလီးယားလက်နက်ရဲ့ ထိပ်ဖူးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ကြေညာလိုက်ကတည်းက မြောက်ကိုရီးယားခေါင်းဆောင်ကို  ဒီအဆန်မပါတဲ့ တိုက်ခိုက်ဆန့်ကျင်မှုနဲ့ တောင်ကိုရီးယား က ချဲ့ကားပြောဆိုလိုက်တာပါ။ ဒီအပတ်မှာလည်း တာဝေးပစ်ဒုံးကျည်မှာသုံးဖို့ စွမ်းအားမြင့် ဒုံးကျည် စက်အမျိုးအစားအသစ် တခုကို စမ်းသပ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up