ဖမ်းမိသည့်မြွေကို နောက်ခံထား Selfie ရိုက်ရန် ကြိုးစားသူ မြွေကိုက်ခံရ (ရုပ်သံ)
DVB
·
September 25, 2016
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းက ရာဂျက်စတန် Rajasthan ပြည်နယ်မှာ စပါးအုံးမြွေ တကောင်ကို နောက်ခံထားပြီး Selfie ရိုက်ဖို့ ကြိုးစားသူတဦး မြွေကိုက်ခံလိုက်ရပါတယ်။
အနားက ကျောင်းတကျောင်းထဲမှာ စပါးအုံးတကောင်ကို တွေ့ရှိခဲ့ပြီး သစ်တောဌာန၀န်ထမ်းတွေ က ဖမ်းဆီးယူလာခဲ့ပြီး အမျိုးသားတဦးက Selfie ရိုက်ဖို့လုပ်ခဲ့တာပါ။
အဲ့ဒီအချိန်မှာပဲ မြွေက သူ့ကို လှမ်းကိုက်လိုက်တာပါ။ ဒါပေမယ့်လည်း ကံကောင်းထောက်မပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းတော့ မရှိဘူးလို့ ဒေသခံအာဏာပိုင်တွေက ပြောဆိုပါတယ်။