Home
ရုပျသံ
အာစင်နယ်က ချဲလ်ဆီးကို ၃ ဂိုးပြတ်ဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)
DVB
·
September 25, 2016
တနင်္ဂနွေညက အသင်းကြီး ၂သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာစင်နယ်က ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အာစင်နယ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာပဲ ဆန်းချက်ဇ်၊ ၀ါးကော့နဲ့ အိုဇေးတို့က သွင်းယူပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး နောက်တန်း အမှားအယွင်း များခဲ့လို့ ဂိုးတွေ ပေးလိုက်ရတာပါ။ ဒီပွဲမှာ အာစင်နယ်က ကစားရှိန် တင်ကစားသွားပြီး အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပါတယ်။ အာစင်နယ်အတွက် ဆန်းချက်နဲ့ အိုဇေးတို့က အဓိက မောင်းနှင်အား ဖြစ်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် အိုဇေးက ရရှိသွားပါတယ်။ ချဲလ်ဆီး နည်းပြ ကွန်တီကတော့ ပွဲအပြီးမှာ ကစားသမားတွေရဲ့ အမှားတွေကို မပြောချင်တော့ဘူး။ ဒါပေမယ့် ဒီထက်ပိုပြီး အသင်းကို တိုးတက်အောင် ကြိုးစားဖို့ လိုတယ်လို့ ပြောသွားပါတယ်။ ဒီပွဲနိုင်လို့ အာစင်နယ်က ၁၃ မှတ်နဲ့ အဆင့် ၃ နေရာကို တက်လာပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၅ မှတ်အကွာမှာ ရှိနေပါတယ်။ ချဲလ်ဆီးကတော့ ၁၀ မှတ်နဲ့ အဆင့် ၈ ကို လျောကျသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024