Home
မြန်မာသတင်း
သတင်းထောက်ချုပ် ကိုဆွေဝင်းအား စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်
DVB
·
September 25, 2016
Myanmar Now သတင်းအေဂျင်စီက သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ အိမ်အကူမိန်းကလေးငယ် နှစ်ဦးနှိပ်စက်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရေး သားခဲ့တဲ့သတင်းကြောင့် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေ ပေါ်ထွက်လာခဲ့တဲ့အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်းထောက်ချုပ် ကိုဆွေဝင်းကို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်ပေးဖို့ စက်တင်ဘာလ ၂၄ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ကိုဆွေဝင်းရဲ့စွမ်းဆောင်ချက်တွေဟာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ရှားစေရုံသာမကဘဲ သတင်းမီဒီယာရဲ့ပုံရိပ်ကိုလည်း မြင့်တက်စေခဲ့တာကြောင့် သတင်းမီဒီယာကောင်စီက စတုတ္တမဏ္ဍိုင်ဆုကို ချီးမြင့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောပါတယ်။ နိုင်ငံတော်သမ္မတကလည်း ဒီလိုစုံးစမ်းဖော်ထုတ်ပေးနိုင်ခဲ့တဲ့ မြန်မာနောင်း သတင်းထောက်ချုပ်ကိုဆွေဝင်းကို ဂုဏ်ပြုအသိမှတ်ပြု တဲ့လက်မှတ်ကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင်က အခမ်းအနားနဲ့ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024