မြန်မာ့တပ်မတော်စွမ်းရည်မြင့်ရေး ဂျပန်ကူညီမည်
ဇော်ဇော်လှိုင်
·
September 25, 2016
ဂျပန် နိုင်ငံကိုရောက်ရှိနေတဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး အိနဒတို့ တိုကျိုမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံ ဆွးနွေးခဲပြီး သဘောတူခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းလုံခြုံအေးချမ်းဖို့ နှစ်နိုင်ငံသဘောတူညီခဲ့ပြီး မြန်မာ့တပ်မတော် စွမ်းဆောင်ရည် တိုးတက်ရေးအတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးက အကူညီပေးဖို့ ကမ်းလှမ်းခဲ့ပြီး မြန်မာကာကွယ်ရေးဝန်ကြီးက လက်ခံသဘောတူညီခဲ့ပါတယ်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲရလဒ်မှ နှစ်အတန်ကြာကထဲက ဂျပန်နိုင်ငံမှာ လက်ခံသင်ကြားပေးနေတဲ့ မြန်မာ့တပ်မတော်မှ ပညာတော်သင် တပ်မတော်သားတွေကို ပိုမိုလက်ခံသွားမှာဖြစ်ပါတယ်။
မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအနေနဲ့ ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး ရှေးအရင်ကတည်းက နှစ်နိုင်ငံစစ်ရေးဆိုင်ရာသမိုင်းကြောင်း နက်ရှိုင်းစွာရှိခဲ့တာမို့ အခုချိန်မှာ ပိုမိုရင်းနှီးစွာ လက်တွဲချင်ပါတယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက တွေ့ဆုံပွဲမှာဆိုခဲ့ပါတယ်။
တိုကျိုမြိုတွေ့ဆုံခဲ့ပွဲမှာ အရှေ့တောင်တရုတ်ပင်လယ်မှာ အငြင်းပွားဖွယ်ရာတရုတ်နိုင်ငံရဲ့ အင်အားကြီးမာလာတဲ့ အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို အဖြေရှာဆောင်ရွတ်သင့်ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက အမြင်ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။